အဲ့ညက Xiao Ke က Zhou Zui ရဲ့ ဘေး, Zhou Zui ရဲ့ အိပ်ယာပေါ်မှာ အိပ်ခဲ့တယ်။ သူ့ခြေထောက်တွေကို အတင့်ရဲစွာနဲ့ Zhou Zui ကိုယ်ပေါ်မှာ တင်ထားတယ်။ သူတို့ ၂ ယောက်လုံးက မအိပ်ချင်ကြသေးဘူး။ Xiao Ke က Zhou Zui ဆိုင်မှာ အိပ်ပျော်သွားခဲ့တဲ့ ၂ ခေါက်ကို သတိရသွားတယ်။ ရုတ်တရက် သူပေါ်လာတိုင်း Zhou Zui က လန့်ပြီး နိုးလာတော့တာပဲ။ Xiao Ke က လက်ညှိုးနဲ့ Zhou Zui လက်မောင်းကို ပွတ်ဆွဲနေတယ်...
"မင်း အိပ်ပျော်နေတဲ့အချိန်ဆို...... ကြောက်နေတာလား?"
Zhou Zui က သက်တောင့်သက်သာလှဲနေတယ်။ သူ့ကြည့်ရတာ တခုခုတွေးနေသလိုပဲ။ Xiao Ke မေးပြီးတာ အတော်ကြာသွားပြီးမှ နားမလည်သလို ပြန်မေးလာတယ်...
"ဟမ်?"
"ဘာတွေ စဉ်းစားနေတာလဲ ပေါင်ပေ့?"
Zhou Zui က ရယ်လိုက်တယ်...
"ငါ့ဦးနှောက်က ခဏ လွတ်သွားလို့။ မင်း ဘာပြောလိုက်တာလဲ?"
"ငါ မေးတာက မင်းအိပ်ပျော်နေတဲ့အချိန်ဆို ကြောက်နေတာလားလို့"
".........."
Zhou Zui က ပြန်မဖြေခင် ခဏ စဉ်းစားနေသေးတယ်...
"ငါ ကြောက်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့အကြောင်းကို အိမ်မက်မက်လိမ့်မယ်။ အရမ်းအိပ်မောကျသွားရင် ပြန်နိုးလာဖို့ ခက်တယ်"
Xiao Ke က ဒီအကြောင်းကိုကြားရတာနဲ့တင် နာကျင်ရတယ်။ ပြန်နိုးမထလာနိုင်ဘူးဆိုတာက ကြားရတဲ့သူကိုတောင် အသက်ရှူကြပ်လာစေတယ်။ Xiao Ke က Zhou Zui ဘက်ကို လှည့်လိုက်ပြီး ခေါင်းကို ပွတ်ပေးလိုက်တယ်။ သူက Zhou Zui ခေါင်းကို ကိုင်ရတဲ့ ခံစားချက်ကို ကြိုက်တယ်။ ဖြစ်နိုင်ရင် Zhou Zui ကို တသက်လုံး ဒီဆံပင်ပုံစံပဲ ထားခိုင်းတော့မယ်လို့ စဉ်းစားထားတယ်။
"ကိုင်လို့ကောင်းလား?"
"အင်း.... ငါ အရမ်းကြိုက်တယ်။ ငါ့ရဲ့အကြီးမားဆုံးနောင်တက ဆရာမဖြစ်ခင် ဒိီလိုမျိုး ကတုံးဆံပင်ပေါက်ပုံစံ မထားခဲ့ရတာပဲ"
Zhou Zui က Xiao Ke သာ ဆံပင်တိုနဲ့ဆို ဘယ်လိုပုံဖြစ်နေမလဲဆိုတာ တွေးကြည့်လိုက်တယ်။ ဆရာ Xiao ရဲ့ မျက်လုံးတွေက အရမ်းကို လှတာမို့ အတော်ကို ကြည့်ကောင်းနေလောက်တယ်။ ကြည့်လိုက်တာနဲ့ ထင်းထွက်နေတဲ့ လူငယ်ပုံလေး ဖြစ်နေမှာပဲ။ Xiao Ke က ပြုံးနေရင်းနဲ့ Zhou Zui ရဲ့ ဆံပင်စူးစူးတွေကို ပွတ်သပ်ပေးနေတယ်...
YOU ARE READING
Tattoo [Completed]
RomanceThis is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link for English translation: https://chrysanthemumgarden.com/novel-tl/tattoo/ All credits go to them. (T...