Chapter - 44

9.5K 1.5K 74
                                    

ဒီမေးခွန်းက အရမ်း တိကျလွန်းတယ်။ Xiao Ke နဲ့  Lu Xiaobei က တယောက်နဲ့ တယောက် စိုက်ကြည့်မိကြတယ်။ နောက်ဆုံးမှာ Xiao Ke က ခါးသက်သက်ရယ်လိုက်တယ်။ သူ့မှာ ဖြေစရာ အဖြေ မရှိဘူး။

Lu Xiaobei မျက်လုံးတွေက ပြူးကျယ်လာတယ်...

"မအိပ်ဘူးလို့ မပြောနဲ့နော်"

သူတို့ ၂ ယောက် ထပ်ပြီး စိုက်ကြည့်မိကြပြန်တယ်။ ၂ ယောက်သား အကြာကြီး စကားမပြောမိကြဘူး။ နောက်ဆုံးတော့ တိတ်ဆိတ်ခြင်းကပဲ အဖြေပေးသွားတယ်။ Lu Xiaobei ဘက်က စ ပြီး သက်ပြင်းချတယ်။

"Fuck"

Xiao Ke က ပြုံးပြီး သူ့ခေါင်းကို ပွတ်ပေးတယ်။ သူက စိတ်အေးအောင် ပြောတယ်...

"စိတ်မပူနဲ့... အဲ့ကိစ္စကို ငါ့ပေါ်ပဲ ပုံအပ်လိုက်"

"...... တောင်းပန်ပါတယ် အကို Xiao"

Lu Xiaobei က မျက်မှောင်တင်းတင်းကျုံ့ထားတယ်။ သူ့ကို ကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံရတယ်။  သူက စကားဆက်တယ်...

"ဘယ်သူ့အတွက် တောင်းပန်နေမှန်းတောင် မသိတော့ဘူး။ အဆုံးတော့ ကျွန်တော့်အကိုကြီးကလည်း ခံရတဲ့သူပဲလေ။ ဒါပေမယ့် အကိုကတော့ အပြစ်မရှိဆုံးပဲ... ဒါကတော့ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တောင်းပန်ပါတယ်"

Xiao Ke လက်က သူ့ခေါင်းပေါ်မှာပဲ ရှိသေးတယ်။ Lu Xiaobei ပြောပြီးတာနဲ့ သူက အားနဲ့ပိုဖိလိုက်ပြီး ခေါင်းကို လှုပ်ရမ်းပစ်လိုက်တယ်။ သူလှုပ်လွန်းလို့ Lu Xiaobei က လျှာထွက်တော့မတတ်ပဲ။ Xiao Ke က ပြုံးရင်းနဲ့ သူ့တောင်းပန်စကားကို တုံ့ပြန်တယ်...

"အလကား ဘာတောင်းပန်တာလဲ။ မင်း ဘယ်သူ့ကို ပြောနေတာလဲ? ငါ့ကို တောင်းပန်ရအောင် ငါက ဘယ်သူမို့လဲ? နောက်တခါ တောင်းပန်တယ်ပြောရင် မင်းလျှာကို ဖြတ်ပစ်လိုက်မယ်"

"အကိုက ကျွန်တော့် အကို Xiao လေ... လူသားတွေနဲ့ ကမ္ဘာတခုလုံးကို ကယ်တင်ပေးမယ့် guardian angel လေး။ အကို Xiao ကို စိတ်ရင်းနဲ့ ကျေးဇူးတင်တာပါ။ အကိုကြီးက သူ့အရင်ဘဝက အပြစ်ကြောင့် သူ့ရည်းစားဟောင်းနဲ့ ဆုံခဲ့ရတာဆိုရင် အကိုနဲ့ တွေ့ရတာက သူအပြစ်လုပ်ပြီးတော့ စကြာဝဋာကြီးတခုလုံးကို ကယ်တင်ခဲ့လို့ဖြစ်မယ်။ တကယ် ကျေးဇူးတင်ပါတယ်... ကျေးဇူးပါ!"

Tattoo [Completed]Where stories live. Discover now