Chapter - 16

8.9K 1.6K 52
                                    

Xiao Ke က ဒီအဖြစ်အပျက်ကို တပတ်ကျော်‌လောက်ထိ စားမြုံ့ပြန်နေတယ်။ သူက သူ့ကိုယ်သူ အတော်လေး တော်တာပဲ လို့ ‌တွေးမိတယ်။ ဓားသမား Zhou က အိပ်ယာကနိုးလာခါစမို့ အမြင်တွေဝါးနေတုန်း သူ ဖက်ပစ်လိုက်တာ။ ဒါက နည်းနည်းတော့ စည်းကျော်မိသလို အပြုအမူပဲ။

ဒါပေမယ့် သူ လုံးဝ နောင်တမရဘူး။ ကျေတောင် ကျေနပ်နေသေးတယ်။

"ဘာပျော်စရာကောင်းတာတွေ တွေးနေတာလဲ?"

တယောက်က သူ့နောက်ကနေ ပုတ်လာတယ်။ Xiao Ke လှည့်ကြည့်လိုက်တော့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာ Zhou ဖြစ်နေတယ်။ (Zhou Zui မဟုတ်ပါဘူး။ မျိုးရိုးနာမည်တူတာပါ။)

"မင်းက လမ်းလျှောက်ရင်းနဲ့တောင် ပြုံးနေတာပဲ"

Xiao Ke က သူ့ကို နှုတ်ဆက်လိုက်တယ်။ ပြီးမှ

"ပြောပြလို့ မရဘူး။ ဖုံးထားပြီး တိတ်တိတ်လေး ရယ်မှာ"

ဆရာ Zhou ကလည်း အတော်ငယ်သေးတယ်။ သူက Xiao Ke မရောက်ခင် ၂ နှစ်လောက်ကမှ ကျောင်းကို ရောက်လာတာ...ပြီးတော့ သူလည်း ဒီနှစ်မှ စာ စ သင်ရတာပဲ။ သူက ရယ်လိုက်ပြီး

"မင်း မပြောလည်း ငါ မှန်းလို့ ရပါတယ်။ ကောင်မလေးတယောက်ကို လိုက်နေတာမလား, လူချောလေး Xiao?"

Xiao Ke က ဘာပြန်ပြောရမှန်း မသိဘူး။

ကောင်မလေးတယောက်?

Xiao Ke က ငြင်းမနေတော့ပဲ ခပ်ရွှင်ရွှင်လေး ပြန်ဖြေလိုက်တယ်။

"မင်းပြောသလိုပဲ ထားပါတော့"

သူတို့ ၂ ယောက်က ကန်တင်းကို ထွက်လာခဲ့တယ်။ Xiao Ke က အိမ်မပြန်ခင် ညစာကို ကျောင်းကန်တင်းမှာ စားဖို့ စီစဉ်ထားပေမယ့် လမ်းတဝက်အရောက်မှာပဲ သူ့အမေဆီက ဖုန်းဝင်လာတယ်။

"Good evening, Mrs. Xu...နှုတ်ဆက်လိုက်ပါတယ်"

"ဒီနေ့ ညစာအများကြီး ပြင်ထားတယ်။ အိမ်ကို လာမလား?"

Xiao Ke က ရယ်လိုက်ပြီး "ဘာတွေပြင်ထားတာလဲ?" လို့ မေးလိုက်တယ်။

သူ့အမေက သူမေးတာကို မဖြေဘူး။ လျှို့ဝှက်ထားတယ်။

"မပြောပြဘူး။ လာမှာလား...မလာဘူးလား?"

"တနာရီအတွင်း လာခဲ့မယ်"

Tattoo [Completed]Where stories live. Discover now