Chapter - 7

10.6K 1.8K 148
                                    

Xiao Ke က ကြိုးစားကြည့်ချင်တယ်လို့ ပြောခဲ့တာက အလကားပြောခဲ့တာ မဟုတ်ဘူး။

သူငယ်ရွယ်ပြီး ထောင်လွှားခဲ့တုန်းက တချို့တွေကို မျက်နှာသာပေးခဲ့ဖူးတယ်။ အရင်တုန်းက Xiao Ke က ရှုပ်ပွေရတာ သဘောကျတဲ့သူ ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတကယ် တည်တည်တံ့တံ့နဲ့ တယောက်ယောက်ကို လိုက်ပြီဆိုရင်တော့ သူ့ကို ငြင်းနိုင်ဖို့ တကယ်ခက်တယ်။ သူ့ရုပ်ရည်က သာမန်ထက်ချောမောပြီး ခန္ဓာကိုယ်ကလည်း ကြည့်ကောင်းတယ်။ သူ ကျောင်းတက်နေတုန်းကဆို သူ့ကို သဘောကျတဲ့သူတွေ အများကြီးပဲ။

ဒီနှစ်ပိုင်းတွေမှာ သူ တကယ် အခြေတကျနေပြီး စိတ်လိုက်မာန်ပါမလုပ်တော့ဘူး။ ဒါပေမယ့် ဒါက သူဘယ်သူ့ကိုမှ မစွဲဆောင်နိုင်တော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ အဲ့လို ဖြစ်ဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ဘူး။

အရာအားလုံးက အမြဲ ဒီလိုပုံစံပဲ။ စိတ်ထဲမှာ အတွေးတခု စ ပေါ်လိုက်တာနဲ့ အဲ့အတွေးက အလျင်အမြန်ကို ကြီးထွားလာတော့တယ်။ Xiao Ke က အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ Zhou Zui အကြောင်း တွေးမိနေတုန်းပဲ။ သူပြန်စဉ်းစားလေလေ အဲ့လူကို ပိုစိတ်၀င်စားမိလေပဲ။ ဒါကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နေစရာ ဘာအကြောင်းမှ မရှိတော့ဘူး။

Xiao Ke က Zhou Zui ဆီ ချက်ချင်း ဖုန်းဆက်တယ်။ ဒီတခါလည်း ဖုန်းကိုင်တဲ့သူက Lu Xiaobei ပဲ။

"Zhou Zui နဲ့ ပြောချင်လို့ပါ။ Xiao Ke ပါ"

တဖက်ကနေ Lu Xiaobei က အော်လိုက်တယ်။

"အကိုကြီး! Xiao Ke က အကို့ကို ရှာနေတယ်"

ခဏနေတော့ Zhou Zui က ဖုန်းဖြေတယ်။

Xiao Ke က သူ့ကို "ဒါက မင်းရဲ့ ကိုယ်ပိုင်ဖုန်း မဟုတ်ဘူးမလား?" လို့ မေးတယ်။

"အင်း ဒါက အလုပ်ဖုန်း"

Xiao Ke က အဲ့အချက်အပေါ်မှာ သိပ်ဂရုမထားမိဘူး။ သူပြောချင်တာကိုပဲ တန်းပြောလိုက်တယ်။

"မင်း ငါ့ကို ဘယ်တော့ လိုက်တိုက်မှာလဲ?"

"ဘယ်အချိန်ဖြစ်ဖြစ်ရတယ်။ မင်းရွေးလိုက်"

"အဲ့ဒါဆို ဒီသောကြာ"

Zhou Zui က ရယ်ပြီး သဘောတူလိုက်တယ်။

Tattoo [Completed]Where stories live. Discover now