ဘေးဘက်မှာ Cao Yuan က သူ့မျက်နှာကို မပေါ်အောင် ခေါင်းငုံ့ပြီး ဖုန်းသုံးနေတယ်။ သူက မတရားကို ရယ်ချင်နေပြီး မရယ်မိအောင် မနည်းထိန်းထားနေရတယ်။ သူတို့ပြောနေကြတာတွေကို နားထောင်နေရပြီး Xiao Ke ရဲ့ ရည်းစားဟောင်းနဲ့ လက်ရှိရည်းစားကြားမှာ ပြဿနာတက်နေတာတွေကို မြင်နေရတယ်... ဒါက အတော်လေး စိတ်ကျေနပ်စရာပဲ။
သူက ခုံအောက်ကနေပြီး သူတို့ group chat ထဲကို တိတ်တိတ်လေး စာရိုက်ပို့လိုက်တယ်...
_ _ ငါတို့ Old Zhou ကတော့ ရှာလကာရည်အိုးလိုက် သောက်နေရပြီ။ သခွါးသီးအိုကနေ သခွားချဉ်ဖြစ်အောင် စိမ်ခံလိုက်ရပြီ။
Group chat ထဲမှာ ဒီကိစ္စအကြောင်း ထပ်ကြားချင်ကြတဲ့သူတွေနဲ့ ပြည့်သွားတယ်။ သူ့ရှေ့က လူ ၃ ယောက်ကတော့ ဒီလိုကိစ္စတွေ ဖြစ်နေမှန်း တစက်ကလေးမှတောင် မရိပ်မိဘူး။ Lin An က Zhou Zui ကို စိုက်ကြည့်လိုက်ပြီး ဘေးမှာ ဘာမှဂရုမထားတဲ့ပုံနဲ့ ဖုန်းသုံးနေတဲ့ Cao Yuan ကိုလည်း တချက်အကဲခတ်လိုက်တယ်။ သူ လူမှားထင်မိမှန်း နောက်ဆုံးတော့ သိသွားတဲ့ပုံပဲ။
Zhou Zui ကလည်း သူ့ကို ပြန်စိုက်ကြည့်နေတယ်။ သူက Xiao Ke ရဲ့ ခွက်ကို တင်းတင်းဆုပ်ထားတယ်။ Xiao Ke ကို ဒီတခွက် ပေးသောက်မယ့်ပုံ မပေါ်ဘူး။ သူက Xiao Ke ရဲ့ လက်ကို ဖယ်လိုက်ပြီး ခွက်ကို သူ့ဘက်ကို ဆွဲယူလိုက်တယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးပဲ မေးလာတယ်...
"မင်း ဘယ်လို သောက်စေချင်လဲ?"
Lin An က ခေါင်းခါလိုက်တယ်။ ပြီးတော့ ခပ်ပါးပါးလေး တချက်ပြုံးတယ်။ သေချာသာစိုက်မကြည့်ရင် သူပြုံးလိုက်မှန်း သိရမှာ မဟုတ်ဘူး...
"ငါ မင်းနဲ့ သောက်မှာ မဟုတ်ဘူး"
Zhou Zui က အားနာမနေဘူး...
"ငါနဲ့ မသောက်ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ။ ဆရာ Xiao က ခဏ ခဏ ဗိုက်နာတတ်တယ်။ မင်းကို လိုက်လျောပြီး သူ့ကို ဝေဒနာခံစားရစေချင်တာမျိုးကို မင်းအနေနဲ့ လုပ်ခွင့်မရှိဘူး...
မင်း ဘယ်သူလဲဆိုတာတော့ ငါမသိဘူး.... မင်းဘာသာ ဆင်ခြင်ဉာဏ်မဲ့ပြီး သူ့ကို အရက်တခွက်နဲ့ နာကျင်အောင် လုပ်နိုင်ပေမယ့် ငါကတော့ မလုပ်နိုင်ဘူး။ ငါ့ကိုယ်ငါ အဲ့လိုလုပ်ဖို့ကိုလည်း ခွင့်မပြုနိုင်ဘူး။ လုပ်ချင်စိတ်လည်း မရှိဘူး"
YOU ARE READING
Tattoo [Completed]
RomanceThis is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link for English translation: https://chrysanthemumgarden.com/novel-tl/tattoo/ All credits go to them. (T...