Chapter - 43

9.1K 1.4K 28
                                    

ကောင်လေးက သူ့ကိုယ်သူ model အဖြစ် ကမ်းလှမ်းနေပေမယ့် Lu Xiaobei က စဉ်းတောင် မစဉ်းစားပဲ ငြင်းလိုက်တယ်။

ကောင်လေးက လက်မလျှော့ပဲ ထပ်ပြောတယ်...

"ကျွန်တော် တကယ် အကို့ model ဖြစ်ပေးနိုင်ပါတယ်။ အကိုလည်း လူရှာမတွေ့ဘူးဆို... အခု ကျွန်တော်က အကိုရှေ့ရောက်နေပြီမဟုတ်ဘူးလား?"

Lu Xiaobei က မော့မကြည့်ဘူး။ သူက mask တပ်ထားတာမို့ သူ့မျက်လုံးတွေကိုပဲ မြင်နိုင်တယ်။ သူ့အကြည့်တွေက အောက်စိုက်ထားတယ်...

"မင်း သေမတတ်နာလိမ့်မယ်"

"ကျွန်တော် နာမှာကို မကြောက်ဘူး။ ကိစ္စမရှိဘူး"

ပြုံးရတာကြိုက်ပုံရတဲ့ ကောင်လေးက အခုလည်း မျက်လုံးလေးတွေ ကွေးကျနေအောင် ပြုံးနေတယ်။

Lu Xiaobei က အဲ့စကားကြားတော့မှ သူ့ကို မော့ကြည့်လာတယ်...

"နာတာကို မကြောက်ဘူးဆိုရင် တုန်မနေနဲ့"

ကောင်လေးက သူ့ခြေထောက်ကို ငုံ့ကြည့်ပြီး ပါးစပ်ပိတ်သွားတယ်။

ကောင်လေးနာမည်က Lin Cheng တဲ့။ သူက architectural design ကို ပထမနှစ်တက်နေတယ်။ သူက ဒီနေ့ ခြေထောက်မှာ သက်တန့်အလံလာထိုးတာ။ ငယ်ငယ်က ရခဲ့တဲ့ အမာရွတ်ကို ဖုံးတဲ့အနေနဲ့မို့ အမာရွတ်ရှိတဲ့ ပေါင်အတွင်းပိုင်းမှာ ထိုးရတာဖြစ်တယ်။

Lu Xiaobei က သက်တန့်ယပ်တောင်ပုံ ဒီဇိုင်းဆွဲပေးထားတယ်။ ဘေးမှာက အရောင်စုံအစက်အပြောက်လေးတွေနဲ့ ကြယ်လေးတွေ ပြန့်ကျဲနေတယ်။ လူကြိုက်များမယ့် ဒီဇိုင်းဖြစ်ပြီး ကြည့်ရတာလည်း လှတယ်။ အခုလောလောဆယ်သူက ဘေးအနားသတ်တွေကိုတောင် ထိုးပေးလို့ မပြီးသေးပေမယ့် ကောင်လေးနဖူးမှာ ချွေးတွေသီးနေပြီ။ Lu Xiaobei က အပ်ကို ကပ်လာရင် သူ့ခြေထောက်က တွန့်တွန့်သွားတယ်။ သူ့အသားက အတော်အထိမခံတဲ့ပုံပဲ... အပ်ထိလိုက်တာနဲ့ တန်းပြီး ရဲတက်သွားတယ်။ ကောင်လေးအသားအရေက အရမ်းဖြူတော့ နီရဲနေတာကို ကြည့်ရတာ လန့်စရာတောင်ကောင်းတယ်။

Lin Cheng က ဘောင်းဘီတို ပွပွ ဝတ်ထားတယ်။ Tattoo ထိုးမယ့် ခြေထောက်ဘက်က ဘောင်းဘီတဖက်ကို ပေါင်ရင်းထိ လိပ်တင်ထားတယ်။ ကောင်လေးက Lu Xiaobei က ခေါင်းငုံ့ပြီး သူ့ပေါင်နားမှာ Tattoo ထိုးပေးနေတာကို ကြည့်နေတယ်... Lu Xiaobei က လက်တဖက်က စက်ကို ကိုင်ထားပြီး တဖက်က မှင်တွေကို သုတ်ဖို့ ဂွမ်းတဖတ်ကို ကိုင်ထားတယ်။ Lin Cheng ရဲ့ ခြေထောက်တွေက ကားထားရတယ်... တဖက်ကို ကွေးထားပြီး ဆန့်ထားတဲ့တဖက်ကိုကျ Lu Xiaobei က Tattoo ထိုးဖို့ ဖိထိန်းထားတယ်။

Tattoo [Completed]Where stories live. Discover now