Chapter - 32

8.5K 1.6K 169
                                    

Zhou Zui က Feng Lei နှုတ်ဆက်တာကို မတုံ့ပြန်ရသေးခင် Lu Xiaobei က အရင် တုံ့ပြန်လာတယ်။ သူက လက်တွေကို မြှောက်လိုက်ပြီး 'ရပ်လိုက်' ဆိုတဲ့ ပုံစံလုပ်ပြတယ်။ ပြီးတော့ ထ ရပ်လိုက်ပြီး...

"မင်း ခေါ်ချင်သလို ခေါ်လို့မရဘူးလေ။ ဒါက ငါ့ အကိုကြီး! မင်း သူ့ကို အဲ့လိုခေါ်လို့မရဘူး။ ဆရာ Zhou လို့ပဲ ခေါ်"

"ကပ်စေးနည်းမနေစမ်းပါနဲ့"

သူက ပြုံးလိုက်ပြီး သူ့အတွင်းအိတ်ထဲက ဟုန်ပေါင်းကို ထုတ်ပြီး Lu Xiaobei ကို ပစ်ပေးလိုက်တယ်။ အထူကို ကြည့်ရသလောက် အထဲမှာ ပိုက်ဆံအများကြီး ပါပုံရတယ်...

"မင်းအသက်က ဘယ်လောက်ရှိနေပြီမို့ ခုထိ အတင်း လိုက်ကာကွယ်ချင်နေရတာလဲ"

Lu Xiaobei က သူ့လက်ထဲ စာအိတ်ရောက်လာတာနဲ့ တန်းပြီး ပြန်ပစ်ပေးလိုက်တယ်...

"ငါ မလိုချင်ဘူး။ ငါတို့က အဆင့်တူတူပဲ... မင်းက ငါ့ကို ဟုန်ပေါင်းပေးရလောက်တဲ့အဆင့်မဟုတ်ဘူး"

Zhou Zui က ဆိုဖာခုံကို ထိုးပြတယ်...

"ထိုင်။ မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ?"

"ဒီနေ့ပဲ။ ကျွန်တော်အထုပ်အပိုးတွေချပြီးတာနဲ့ ဒီကိုတန်းလာခဲ့တာ"

Feng Lei က Zhou Zui ဘေးမှာ ဝင်ထိုင်တယ်။ သူက ဆိုဖာမှာ မှီလိုက်ပြီး မျက်နှာကို ပွတ်သပ်လိုက်တယ်။ ပြီးတော့ သက်ပြင်းချရင်းနဲ့

"ကျွန်တော် အရမ်း ပင်ပန်းတယ်။ တကယ် အသက်ရလာပြီပဲ။ နာရီနည်းနည်းလောက် ရထားပေါ်မှာ ထိုင်စီးခဲ့ရုံကို ပင်ပန်းနေပြီ"

"Oh Shut up! မင်းက Tattoo ဆရာ မဟုတ်ဘူးလား။ ထိုင်တာနဲ့ ပင်ပန်းတယ်ဆိုရင် ခါတိုင်းအလုပ်လုပ်ရင် ဆရာ Feng Lei က ဆောင့်ကြောင့်ထိုင်ပြီး အလုပ်လုပ်တဲ့သဘောပေါ့?"

Zhou Zui က Lu Xiaobei ကို ရပ်ဖို့ အကြည့်နဲ့ သတိပေးတယ်...

"Xiaobei, တော်တော့"

Xiao Ke က သူတို့တွေက ရင်းနှီးပြီးသားဖြစ်ကြပြီး အဲ့လူက ပြောစရာတခုခုရှိလို့လာတာဖြစ်မယ်လို့ ခန့်မှန်းမိတယ်။ သူ ဒီမှာ ဆက်ရှိနေလို့ မကောင်းဘူး။ Xiao Ke က Zhou Zui ဆွဲထားတဲ့ပုံတွေကို ကြည့်ဖို့ အပေါ်ထပ်ကို တက်မလို့ ပြင်လိုက်တယ်။ ဒါပေမယ့် သူ မတက်ရသေးခင်မှာပဲ Zhou Zui က လှမ်းတားတယ်...

Tattoo [Completed]Where stories live. Discover now