Xiao Ke က ၃ နာရီလောက်ကြာတဲ့ အစည်းအဝေးတခု တက်နေခဲ့တာ။ သူ အစည်းအဝေးခန်းကနေ ထွက်လာတော့ မျက်လုံးတွေတောင် ဝါးနေပြီ။ အပြင်မှာက နေရိပ်ပြီး အခန်းထဲက မီးရောင်က တအားစူးတော့ သူ့မျက်လုံးတွေ နာလာတယ်။ သူ့ ဖုန်းကို တချိန်လုံး silent လုပ်ထားခဲ့တယ်... အစည်းအဝေးတက်နေတုန်း ဖုန်းက တခါတလေ တုန်ခါလာတာမျိုး ရှိတယ်။ သူ့ရုံးခန်းကို ပြန်ရောက်မှ ဖုန်းကို ဖွင့်ပြီး notification တခုချင်းစီကို စစ်ရတယ်။ Lu Xiaobei ဆီက စာ ကိုတွေ့တော့ သူ ရယ်မိသွားတယ်။
Xiao Ke: ငါ အစည်းအဝေးတက်နေတာ... သခင် Xiao မရှိတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်... တယောက်ယောက်က ငါ့ idol ကို ခိုးချင်နေပြီပေါ့?
သူစာပြန်လိုက်တဲ့အချိန်မှာ Lu Xiaobei က ဧည့်သည်တယောက်ကို Tattoo ထိုးပေးနေပြီ..ဒါကြောင့် ပြန်စာကို မတွေ့ဘူး။ Zhou Zui က ပန်းစည်းကို ခွာပြီး ပန်းတွေကို ရေပုံးထဲပစ်ထည့်မလို့ လုပ်နေတယ်။ ဒါပေမယ့် အဲ့လိုမလုပ်ခင် သူက နွမ်းနေတဲ့ အရွက် တချို့တလေကို အရင် ဖယ်ထုတ်လိုက်တယ်။ Lu Xiaobei က အဲ့ဒါကို မြင်တော့ အကျယ်ကြီး အော်ရယ်တယ်။ သူ့ရယ်သံကို ကြားတော့ သူ့ရှေ့က ကောင်မလေးက အတော်လန့်သွားပြီး တောင့်နေတဲ့ ပုခုံးတွေက ပိုတောင့်တင်းသွားတယ်။
"ဘာမှမဖြစ်ဘူး...မစိုးရိမ်နဲ့။ ငါက ရယ်လိုက်ရုံပဲကို ဘာလို့ အဲ့လောက်ကြောက်သွားတာလဲ"
"အကိုက ရုတ်တရက် ထရယ်တာကိုး။ မျှော်လင့်မထားမိဘူးလေ"
ကောင်မလေးကလည်း အနည်းငယ် ရှက်သွားတယ်။ သူက နည်းနည်းလျောထိုင်လိုက်ပြီး ဖုန်းဆော့နေလိုက်တယ်။
"ငါက ဘာလုပ်ပေးရမှာလဲ? မရယ်ခင် ကြိုအသိပေးရမှာလား?"
Lu Xiaobei က mask တပ်ထားတော့ သူ့မျက်လုံးတွေပဲ မြင်ရတယ်။ သူ့မျက်လုံးတွေရဲ့ အပေါ်မှာက သူ့ရဲ့ တောက်ပပြီး ပြောင်နေတဲ့ ခေါင်းရှိတယ်။ သူက ရုပ်မဆိုးဘူး...မိုက်တယ်လို့တောင် ပြောလို့ရတယ်။ ကောင်မလေးက သူ့ခြေမျက်စိမှာ Tattoo တခု ထိုးနေတာ... ပုံကတော့ ရိုးရိုးရှင်းရှင်းပဲ... ကြောင်လေးတကောင်က လှဲပြီး အိပ်နေတဲ့ပုံ။ ပြီးတော့ အတောင်ပံလေးတွေနဲ့ ခေါင်းပေါ်မှာ halo တခု ပါသေးတယ်။ Lu Xiaobei က ဒီလို ဒီဇိုင်းလေးတွေဆို အရင်ဆွဲကြည့်စရာတောင် မလိုဘူး။ တခါထဲ တန်းထိုးပေးလိုက်လို့ ရပြီး တနာရီလောက်ပဲ ကြာတယ်။
YOU ARE READING
Tattoo [Completed]
RomanceThis is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link for English translation: https://chrysanthemumgarden.com/novel-tl/tattoo/ All credits go to them. (T...