Warning: slight? NSFW content
.
.
.Xiao Ke က Zhou Zui အိမ်ကိုပဲ တန်းမောင်းလာလိုက်တယ်။ တခါရောက်ဖူးပြီးသားမို့ လမ်းကို သိနေပြီ။ အရင်တခေါက်တုန်းကတော့ မရင်းနှီးသေးလို့ ကားထိုးဖို့နေရာကို အကြာကြီးပတ်ရှာလိုက်ရတယ်။ ဒီတခါတော့ ကားပါကင်ကို တန်းမောင်းသွားရုံပဲ။
Zhou Zui က ပန်းစည်းကို အပေါ်ယူလာခဲ့ဖို့လည်း မမေ့ဘူး။ ဓာတ်လှေကားထဲမှာ တတိုက်ထဲက လူတယောက်ပါ ရှိနေတယ်။ အဲ့လူက သူတို့ကို ခိုးခိုးကြည့်နေတယ်။ Xiao Ke က ဘယ်လိုပဲ မျက်နှာရူးပါစေ... အိမ်နီးနားချင်းရှေ့မှာတော့ မကဲရဲဘူး။ အဲ့လူက ဓာတ်လှေကားထဲက ထွက်သွားမှ သူက သက်ပြင်းချနိုင်တော့တယ်...
"အဲ့အကိုကြီးကြည့်ရတာ မထွက်ချင်သလိုပဲ။ လောကအသစ်ရဲ့တံခါးပေါက်က သူ့ရှေ့မှာ ရှိနေပြီကို... သူကမှ မမေးရဲတာ... စိတ်မကောင်းစရာပဲ"
Zhou Zui က ပြုံးပြီး Xiao Ke လက်ကိုပဲ ကိုင်ထားလိုက်တယ်။
.
အခန်းတံခါးကို ဖွင့်တယ်... အထဲဝင်တယ်... ဖိနပ်လဲတယ်... အဲ့ထိက တည်တည်ငြိမ်ငြိမ်ပဲ။ Xiao Ke က လက်အရင်ဆေးမယ်လို့ တွေးထားတယ်... ဒါပေမယ့် သူ လှည့်လိုက်တာနဲ့ သူ့နောက်မှာရှိနေတဲ့ Zhou Zui ရဲ့ တားဆီးတာကို ခံလိုက်ရတယ်။ ဘာဖြစ်သွားတာလည်းဆိုတာ သေချာမမြင်လိုက်ရခင်ပဲ Xiao Ke က တင်းတင်းကြပ်ကြပ် ဖက်ခံလိုက်ရတယ်... Zhou Zui ရဲ့ လက်မောင်းတွေက အရမ်းသန်မာတာပဲ။ ဖက်ပြီးတာနဲ့ သူ့ကို တုံ့ပြန်ချိန်လေးတောင် မပေးပဲ Zhou Zui က သူ့နှုတ်ခမ်းတွေကို နမ်းလာတော့တယ်။
ဘုရားရေ!
Zhou Zui ဘက်ကနေ ဒီလို ရုတ်တရက် ပြင်းပြင်းထန်ထန်လှုပ်ရှားလာမယ်လို့ သူ မထင်ထားခဲ့မိဘူး။ ခဏလောက်တော့ ကြောင်သွားပေမယ့် ခဏလေးပါပဲ။ ဒိီလိုအခြေအနေမျိုးမှာဆို Xiao Ke က ဘယ်သူ့ကိုမှ ဦးဆောင်ခွင့်ပေးခဲ့တာမဟုတ်ဘူး။ မျက်စိတမှိတ်အတွင်းမှာပဲ Zhou Zui ကို ပိုနီးအောင် ဆွဲလိုက်ပြီး မျက်လုံးတွေမှိတ်လို့ အနမ်းတွေကို ပိုပြင်းထန်စေလိုက်တယ်။
သန်မာတဲ့ အမျိုးသား ၂ ယောက်က တယောက်ခံတွင်းထဲ တယောက် တိုးဝင်နေကြပြီး ခန္ဓာကိုယ်တွေက နီးနီးကပ်ကပ် လိမ်ယှက်နေကြတယ်။ ၂ ယောက်လုံးက အရမ်းကို စိတ်လှုပ်ရှားနေကြပြီး အမျိုးသားဟော်မုန်းနံ့တွေကလည်း ဘေးပတ်လည်မှာ လွှမ်းခြုံလာတယ်။ တင်းမာနေပြီဖြစ်တဲ့ ဘောင်းဘီတွေက နမ်းနေကြတဲ့ အမျိုးသား ၂ ယောက်ရဲ့ ခွန်အားကို မှန်းဆလို့ ရနိုင်စေတယ်။ သူတို့ ၂ ယောက်လုံးက အမဲလိုက်နေတဲ့ သားရဲတွေလိုပဲ။
YOU ARE READING
Tattoo [Completed]
RomanceThis is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link for English translation: https://chrysanthemumgarden.com/novel-tl/tattoo/ All credits go to them. (T...