Chapter - 42

9.7K 1.5K 43
                                    

ငါက ဆရာ Xiao အမြဲတမ်းပျော်ရွှင်နိုင်ဖို့ကိုပဲ မျှော်လင့်တယ်။ ဆရာ Xiao က ဘာဆုံးဖြတ်ချက်ပဲချချ ပူပန်စရာမရှိစေဖို့ပဲ မျှော်လင့်တာ

ဒီစကားတွေက Xiao Ke ကို ခံစားသွားရစေတယ်။ Zhou Zui ဆိုလိုချင်တာကို သူ နားလည်နိုင်တယ်။ Zhou Zui က ဒီစကားတွေထဲမှာ သူ့ရဲ့ အနက်ရှိုင်းဆုံးခံစားချက်တွေ ထည့်ထားတာ။ နားထောင်လို့ကောင်းအောင် ပြောထား‌တာပေမယ့် Zhou Zui က သူ့ကို ထွက်ပေါက် ချန်ပေးထားဖို့ ကြိုးစားတာဆိုတာကို Xiao Ke က ကောင်းကောင်းကြီး သိတယ်။ အနာဂတ်မှာ သူတို့များလမ်းခွဲခဲ့ကြရင် Xiao Ke က ကိုယ်ပေါ်က Tattoo ကို ကြည့်ပြီး ဝမ်းနည်းရမှာကို သူက စိုးရိမ်နေတာ။

သူက ခံစားသွားရတာမှန်ပေမယ့် ပျော်လည်းမပျော်ဘူး။ Zhou Zui ရဲ့ သူ့အပေါ်စဉ်းစားပေးမှုက သူ့ကို ဝမ်းနည်းသွားစေတယ်။ သူတို့ ၂ ယောက်ကြားကအချစ်က ဆွတ်ပျံ့ဖွယ်ကောင်းတာပေမယ့် သူတို့ကြားမှာ ဆွေးနွေးစရာကိစ္စတွေနဲ့ ဖြေရှင်းစရာ ပြဿနာတွေ ရှိနေသေးတယ်။ Zhou Zui က အတွေးလွန်တတ်ပြီး အရာအားလုံးကို စိတ်ထဲမှာပဲ သိမ်းထားတတ်တယ်။ Xiao Ke ကသာ စပြီး မပြောရင် ဒါမှမဟုတ် မေးမလာရင် သူက စိတ်ထဲမှာပဲ ဆက်ထားမှာပဲ။

Xiao Ke က Zhou Zui ခေါင်းလေးကို ပွတ်ပေးနေရင်းနဲ့ သူ့ကို ပြုံးပြလိုက်တယ်...

"ငါက မင်းနဲ့ တူတူရှိနေသမျှ ပျော်မှာပဲ။ ငါ တခြားရွေးချယ်ဖို့ မစဉ်းစားဘူး။ ငါ့‌အပေါ်မှာ နည်းနည်းလောက် ပိုပြီး ယုံကြည်မှုရှိပေးလို့ မရဘူးလား Mr. Zhou?"

Zhou Zui ရဲ့ခေါင်းက Xiao Ke လက်ဖဝါးအောက်မှာပဲ ရှိသေးတယ်။ သူက ခေါင်းငြိမ့်ပြတယ်...

"အင်း"

Xiao Ke က စိတ်ထဲကပဲ တွေးလိုက်တယ်...

'မင်းက ငါ့လိုမျိုး နောက်လှည့်မကြည့်ဖို့ ဆုံးဖြတ်ပြီးမှတော့ ငါ့ကို ထွက်ပေါက်ချန်ပေးနေတာကို ရပ်ဖို့လိုနေပြီ။ ငါတို့ ၂ ယောက်လုံး ရှေ့ကိုပဲ ဆက်လျှောက်လို့ရတယ်။ ပိုပြီး အပူအပင်ကင်းကင်း နေကြရအောင်'

.

Zhou Zui ရဲ့ အကျင့်က အဲ့လိုပဲ။ သူက ကိစ္စတော်တော်များများကို အတွေးလွန်တတ်တဲ့ အကျင့်ရှိတယ်။ Old Cao က သူ့ကို သိလာတာ နှစ်ပေါင်းတော်တော်ကြာပြီမို့ သူ့အကြောင်း နားလည်တယ်။ သူက ပုံမှန်ဆို စကားအဆက်မပြတ်ပြောနေတတ်ပေမယ့် သူတို့အုပ်စုတခုလုံးမှာ သူက အသေးစိတ်အမြင်တတ်ဆုံးပဲ။ သူတို့ စ သိကြတဲ့အချိန်ကနေ စပြီး Xiao Ke နဲ့ chat box ကနေ ပုံမှန် စကားပြောတတ်တယ်။ ဒါကြောင့် Xiao Ke က သူနဲ့ဆို အတော်ရင်းနှီးနေပြီ။

Tattoo [Completed]Where stories live. Discover now