Chapter - 8

10.2K 1.8K 138
                                    

Xiao Ke ရဲ့ အချစ်အသစ်လေးက တကယ့်ကို အရမ်းမိုက်တာ။ သူ့ကိုရဖို့ အများကြီးကြိုးစားရဦးမယ်ဆိုတာ သိပေမယ့် စိတ်တော့မပူပါဘူး။ တဆင့်တိုးတိုင်း သတ္တိတွေ ပိုကောင်းလာတာပဲ။

တနင်္ဂနွေနေ့ကျ သူ့ဆိုင်ကို လာမယ့်အကြောင်း Zhou Zui ကို ကြို‌ပြောမထားဘူး။ သူက Fang Qimiao နဲ့ အဖော်လိုက်လာတာဆိုတော့ အကြောင်းပြချက်ကောင်းကောင်းရှိနေတာပဲကို။ သူတို့ ဆိုင်ကိုရောက်တော့ အရှေ့မှာ ဘယ်သူမှ ရှိ‌မနေဘူး။ အရင်တခေါက်တွေ့ခဲ့တဲ့ ကောင်မလေးကိုလည်း မတွေ့ဘူး။ အထဲမှာတော့ Lu Xiaobei ကိုပဲ တွေ့တယ်။ သူက သူ့သူငယ်ချင်းတွေနဲ့အဖွဲ့ဖွဲ့ပြီး ဂိမ်းဆော့နေတယ်။ အသံပါ ပါတယ်။

"လိပဲ! ငါ့နောက်မှာ တကောင်! ၃၅ ဒီဂရီ ၃၅ ဒီဂရီ! မြန်မြန်!"

"Fuck ဆိုးတာ။ ငါလန့်သေတော့မလို့!"

"ပါးစပ်ပိတ်ထား။ ဘုရင်ကြီးကို လာကူတော့"

Fang Qimiao က သူ့ဆီကို လျှောက်သွားလိုက်တယ်။ Lu Xiaobei က နားကြပ်တပ်ထားတာမို့ သူ့ခြေသံကို မကြားလိုက်ဘူး။ Fang Qimiao က သူ့ဖုန်းထောင့်နဲ့ ကောင်လေးရဲ့ နောက်စေ့ကို ထိလိုက်တယ်။ အသံကိုနှိမ့်ပြီး

"ဓားပြတိုက်နေတာ။ လှည့်မကြည့်နဲ့"

"လိ ဓားပြ!"

Lu Xiaobei က ရုတ်တရက် ကြောင်သွားတယ်။ နားကြပ်ကိုချွတ်ပြီး လှည့်ကြည့်လိုက်တော့ Fang Qimiao နဲ့ Xiao Ke ကို တွေ့တယ်။

"ရောက်နေပြီလား?"

"အင်း မင်း ဆက်ဆော့ပါ။ ငါတို့ အလျင်မလိုဘူး"

"အဲ့ဒါဆို ခဏ ထိုင်စောင့်ဦး။ ခဏနေ ပြီးတော့မှာ။ ဒီနေ့ ဟိုကလေးမလေး မရှိဘူး။ ပြီးမှ ကျွန်တော် ကော်ဖီဖျော်ပေးမယ်"

စကားပြောပြီးတာနဲ့ ပြန်လှည့်ပြီး သူ့ဂိမ်းကို ဆက်ဆော့နေတယ်။

Xiao Ke က ပတ်ကြည့်လိုက်ပေမယ့် Zhou Zui ကိုတော့ မတွေ့ရဘူး။

သူက Lu Xiaobei ကို မေးလိုက်တယ်။

"Zhou Zui ဒီမှာ မရှိဘူးလား?"

Lu Xiaobei က ဂိမ်းဆော့နေရင်းကနေ သူ့ကို တချက်ကြည့်တယ်။ အပေါ်ကို ထိုးပြပြီး

Tattoo [Completed]Where stories live. Discover now