Xiao Ke က အခန်းထဲပြန်ရောက်တာနဲ့ ကုတင်ပေါ်မှာ ထိုင်နေမိတယ်။ အဲ့လူကို ဒေါသထွက်ရလွန်းလို့ ခေါင်းတောင် ကိုက်လာတယ်။ သူတို့ရန်ဖြစ်ရင်တောင် ဘယ်တော့မှ ထွက်မသွားပါဘူးလို့ ကတိပေးထားလို့သာ သူအဝတ်လဲပြီး ဒီကနေ ထွက်မသွားတာ။
မင်းက ငါနဲ့ အိပ်မှာမှ မဟုတ်တာ... မင်းအိမ်မှာ ဘာလို့ ဆက်နေရဦးမှာလဲ?
Xiao Ke က ကုတင်ခေါင်းရင်းကို မှီပြီး တနာရီလောက် ထိုင်နေမိတယ်။ အပြင်ကနေ ဘာသံမှ မကြားရဘူး။ စိတ်တိုတာ ကြာလာတော့ အစကလောက် စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး။ ဒီလူက ဘာဖြစ်နေရတာလဲ? သူ့ခေါင်းက သစ်သားနဲ့ လုပ်ထားတာလား? သူ့ကို လာချော့ရမယ်ဆိုတာ မသိဘူးလား?
Zhou Zui က Xiao Ke ကို ချော့ရမယ်ဆိုတာ မသိလို့တော့ မဟုတ်ပါဘူး။ သူက အကြာကြီးထိုင်ပြီး စဉ်းစားနေတယ်။ သူ စဉ်းစားလေလေ စိတ်မကောင်းပိုဖြစ်လေလေပဲ။ သူ အရမ်းကို နောင်တရမိတယ်။ ဆရာ Xiao က နေ့တိုင်း ဒီလိုတွေလုပ်နေရတာ ဘယ်သူ့အတွက်မို့လို့လဲ?.... သူ့အတွက်ပဲလေ။ သူသာ လမ်းတဝက်မှာ လက်လျှော့လိုက်မယ်ဆိုရင် ဆရာ Xiao ရဲ့ ဖြူစင်တဲ့ နှလုံးသားကို ရင်ဆိုင်ဖို့ ရှက်မိမှာပဲ။ Zhou Zui က အိပ်ယာပေါ်က ဆင်းပြီး အခန်းထဲက ထွက်လာခဲ့တယ်။ သူက Xiao Ke ရဲ့ အခန်းရှေ့မှာ အကြာကြီး ရပ်နေတယ်။ နောက်ဆုံးတော့ သူ တံခါးခေါက်လိုက်တယ်။
Xiao Ke က တံခါးခေါက်သံကြားပေမယ့် ပစ်ထားလိုက်ဖို့ပဲ တွေးထားတယ်။
ဆရာ Xiao က စိတ်ဆိုးနေတုန်းပဲ... မင်းကို ပြန်မပြောချင်ဘူး။
Zhou Zui ရဲ့ အသံကို တံခါးတဖက်ကနေ ကြားရတယ်....
"ဆရာ Xiao....... အိပ်ပျော်နေပြီလား?"
Xiao Ke က အိပ်ယာပေါ်မှာ လှဲနေပြီး အသံမထွက်ဘူး။
ငါက မင်းမလာမှာ စိုးနေခဲ့တာ။ အခု လာပြီဆိုတော့ နေလို့ကောင်းသွားပြီ။
Xiao Ke က တကယ် စိတ်တိုနေခဲ့တာမို့ အဆုံးထိ Zhou Zui ကို တံခါးဖွင့်မပေးခဲ့ဘူး။ Zhou Zui မှာ အခန်းသော့ရှိပေမယ့် Xiao Ke က ခွင့်မပြုရင် သူ ဖွင့်ဝင်မှာ မဟုတ်ဘူး။ ဖွင့်လည်း မဖွင့်ရဲဘူး။ အပြင်ကနေ အကြိမ်အနည်းငယ်လောက် ခွင့်တောင်းပြီး ဘာတုံ့ပြန်သံမှ မကြားရတော့ Zhou Zui က ဆိုဖာမှာပဲ သွားထိုင်နေလိုက်တယ်။ သူက အကြာကြီး ထိုင်စောင့်နေပေမယ့် Xiao Ke အခန်းကနေ ဘာသံမှ မကြားရဘူး။ တကယ်ပဲ အိပ်ပျော်နေတာလည်း ဖြစ်နိုင်တာပဲ။
YOU ARE READING
Tattoo [Completed]
RomanceThis is Myanmar translation of "刺青" (Tattoo) by 不问三九. I translated from English translation by JP on Chrysanthemum Garden website. This is the link for English translation: https://chrysanthemumgarden.com/novel-tl/tattoo/ All credits go to them. (T...