အပိုင်း(5) uni

1.6K 104 1
                                    

🌿The  legend of the blue sea

အပိုင်း(5) သူမက သူ့ရဲ့အချစ်ကျိန်စာကြိုး

နဂါးနက်ရော သူရော နှစ်ယောက်လုံးဆွံ့အကြရတယ်

သူမကမှ မသိရင် သူတို့ကဘယ်လိုသိမှာလဲတဲ့

အခြေအနေအချို့ကိုနားလည်သွားတဲ့ နဂါးနက်က သူ့အရှင်ကိုဝေးဝေးဆွဲခေါ်လာကာ လေသံလေးနဲ့ပြောလိုက်တယ်

"အရှင် ဖြစ်နိုင်တာက ကျိန်စာကြောင့်သူမရဲ့အတိတ်ကိုမေ့သွားပြီထင်တယ်"

"အရှင် ဖြစ်နိုင်တာက ကျိန်စာကြောင့်သူမရဲ့အတိတ်ကိုမေ့သွားပြီထင်တယ်"

"အမ် "

"အရှင့်ရဲ့မိန်းမလို့ပြောလိုက်လေ "

"ကောင်းပါ့မလားကွာ"

"အရှင်အရည်ပျော်နေတာကိုမြင်နေရတယ်နော် "

"ဒါပေမဲ့လဲ"

"အခွင့်အရေးကနှစ်ခါမလာဘူးနော် "

"အေးပါကွာ"

သူကနှစ်ထောင်ကျော်သက်တမ်းရှိနေပြီဆိုပေမဲ့လဲ အချစ်ရေးမှာတော့ ဒီနဂါးကောင်လောက်တောင်အဖြစ်မရှိဘူး

နဂါးနက်က သူ့ရဲ့ကြမ်းတမ်းတဲ့လက်နှစ်ဖက်ကိုပွတ်လိုက်ကာ သူမနားအသာအယာကပ်သွားခဲ့တယ်

"မိန်းကလေးက ဒီပင်လယ်ရေအရှင်ရဲ့ကြင်ယာတော်မိန်းကလေးဖြစ်တယ် "

မိန်းကလေးရဲ့အကြည့်တို့က သူဆီရွေ့လာပြန်တာကြောင့်
သူအရမ်းစိတ်လှုပ်ရှားသွားပြီး ချောင်းခြောက်တွေတောင်ဆိုးမိသွားတယ်

သူမရဲ့အကြည့်က သံသယမရှိပဲ ဒိလိုပါလားလို့ရိုးရိုးလေးကြည့်တဲ့ပုံစံလေး

အဲ့ဒါကိုပဲ သူ့မှာမလုံမလဲတွေဖြစ်ပြီး မျက်ဝန်းတွေဟိုရွေ့သည်ရွေ့နဲ့ ရှက်လွန်းလို့ တည့်တည့်ကိုမကြည့်ရဲတော့တာ

အဲ့ဒိလိုကြီးသူလိမ်လိုက်တာကောင်းပါ့မလား

ဒါကပဲ သူ့ကျိန်စာရဲ့အစဖြစ်နေမလား

သူ လက်ဆန့်ပြီး နဂါးနက်ကိုလှမ်းတားမလို့

အဲ့ဒီခနမှာပဲ သူမရဲ့အပြုံးဟာ လှလှပပကြီးကိုထွက်လာတော့တာ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now