Ch.41uni&zgi

693 35 1
                                    

🌿The Lengend of the blue sea

အပိုင်း(၄၁) ပေ့ထန်နဲ့ရန်ငြိုးချေတိုက်ပွဲ

နောက်ဆုံးတော့လဲ နှစ်ပေါင်းများစွာစောင့်ကြပ်ခဲ့တဲ့နေရာကပဲ သူတို့အသက်တွေကိုနှုတ်သွားခဲ့တာပဲ

-တိုင်တန် ! သူတို့ဘာလို့အဲ့လိုဖြစ်သွားတာလဲ-

သူမ စိတ်ထဲကနေ တိုးတိုးလေးမေးလိုက်တော့

- သူတို့က သမီးကိုအသုံးချချင်တာလေ အဲ့ဒါကြောင့် ပညာပါးပါးလေးပြဖို့အသက်စာချုပ်ချုပ်ထားခဲ့တာ ဟီးဟီး သူတို့က သမီးနဲ့သွေးစာချုပ်ချုပ်ပြီးလို့ သမီးကိုပိုင်ဆိုင်ပြီလို့ထင်နေတာလေ အဲ့ဒါနဲ့ပဲတန်တယ်-

".........."

ဆိုတော့ ကိစ္စတွေက ဒီလိုပေါ့

လောဘသားတွေက ဒီလိုနဲ့ပဲထိုက်တန်တယ်

- ဒါနဲ့ မင်းကိုရော တကယ်မထိခိုက်စေနိုင်ဘူးမလား -

- မေမေက စိုးရိမ်နေတာလား မစိုးရိမ်ပါနဲ့ သမီးဆီမှာ ဘာတခုမှ မထိခိုက်သွားပါဘူး -

- ကောင်းတယ် -

ဘယ်လိုပဲဖြစ်ဖြစ် မျက်လုံးထပ်ဖွင့်လိုက်ထဲက သူမနဲ့အတူရှိလာတာကြာပြီဆိုတော့ ဘယ်လိုပဲသက်မဲ့ပစ္စည်းတခုဖြစ်ပါစေ သံယောဇဉ်တော့တွယ်‌မိတာပါပဲ

အခုလို သမီး သမီးနဲ့  သူမကိုချွဲနေလေတော့ သူမပိုလို့ ဂရုမထားလို့မရနိုင်ဖြစ်ရတယ်

မျက်စိရှေ့မှာပဲ ‌ဂူထွင်းထားတဲ့ကျောက်တောင်တခုလုံးဟာ ပြိုကျသွားပြီး ကျွင်းတကျွင်းအဖြစ်ပဲကျန်ခဲ့တော့တယ်

အဲ့လိုပဲ သေဆုံးသူတွေရဲ့သွေးတွေကလဲ ကျောက်ကြားတွေကြားမှာပျောက်ကွယ်သွားလေရဲ့

အဲ့လိုကြောက်စရာအာရုံကြားမှာနစ်မျောနေမိတဲ့ သူမ‌တို့တွေလဲ အချိန်အတော်ကြာမှ ပြန်နိုးထလာတော့တယ်

သူမနဲ့အတူ ရေဘုရင် နတ်စစ်သူကြီးလျိုချင်းတို့က ရင်ဘောင်တန်းရပ်နေပြီးတော့ တဖက်မှာတော့ ပေ့ထန်က တစ်ယောက်ထဲသာရှိနေလေတယ်

ဒါပေမဲ့လဲ မကြာခင်မှာပဲ နန်းတော်က အရေးကြီးသတင်းရောက်လာခဲ့လေရဲ့

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now