🌿The Lengend of the blue sea
အပိုင်း(63) ဝံပုေလွကိုးကောင်ဂိုဏ်း
ရီနာနာ ကျောက်စိမ်းတုံးကိုဖြုတ်လိုက်ကာ တိုင်တန်ခရင်းခွရဲ့ အချွန်သုံးခုပေါင်စည်းရာအလယ်ဗဟိုမှာရှိတဲ့ အပေါက်လေးထဲတပ်ပေးလိုက်တယ်
-ကျေးဇူးတင်ပါတယ်မေမေ-
-ဘယ်လိုလဲ နေလို့ကောင်းလား-
-ဟုတ် ပိုပြီးလွတ်လပ်လာတယ် ပိုအင်အားကြီးလာတယ် ဟီးဟီး -
-ဟုတ်ပါပြီ သမီးကျေနပ်ရင်ပြီးတာပါပဲ-
တိုင်တန်ခရင်းခွက သူပျော်နေတာကို သူမသိစေဖို့ တဖျတ်ဖျတ်လက်ကာ သူမဘေးနားဝဲပျံနေတယ်
ရီနာနာကလဲ အပြုံးကြီးကြီးပြုံးလိုက်မိတော့တယ်
သူမလဲ ပျံသန်းမျိုးနွယ်စုမှာ လုပ်စရာကဘာမှရှိမနေတော့ ထွက်လာခဲ့လိုက်တယ်
သူမပျံသန်းမျိုးနွယ်စုက ထွက်လာပြီး အတန်ကြာတော့ သူမလမ်းလျှောက်နေရာမှ ရပ်လိုက်ကာ
"ထွက်မလာတော့ဘူးလား"
ရီနာနာ နားထင်ကိုလက်ညိုးနဲ့ပွတ်လိုက်တယ်
"ဟမ် ဘယ်သူလဲ ?"
ရိရန်ကတော့ ဘာမှမသိပဲ ပြောလာတယ်
"အာ တွေ့သွားပြီပေါ့ ရေဘုရင်မပီသပါပေတယ် တကယ့်ကိုေတွ့သွားတာပဲ "
ိမိုးပေါ်ကဆင်းသက်လာသူကတော့ စီမာယန်ယန်းပဲ
သူမက သူမရဲ့အေတာင်ပံတွေကိုသိမ်းလိုက်ပြီး ရီနာနာကိုပေကလပ်ပေကလပ်နဲ့ကြည့်လာကာ
"ကျဲနောက်လိုက်ချင်လို့ ပေးလိုက်ပါနော် "
"မရဘူး အိမ်ပြန်"
သူမရဲ့ခရီးမှာ နို့နံ့မစင်သေးတဲ့ကလေးမလေးကိုခေါ်သွားဖို့စိတ်မဝင်စားဘူး
ဒါပေမဲ့ သူမ မထင်ထားတာက စီမာယန်ယန်းက ခေါင်းမာနေတယ်ဆိုတာပဲ နောက်ဆုံးတော့ ရီနာနာက ကတိတခုတောင်းပြီးနောက် လိုက်ခွင့်ပြုလိုက်ရတော့တယ်
အဲ့ဂတိကတော့ သူမစကားကိုနားထောင်ပါမယ်ဆိုတာပဲ
နတ်သူငယ်တောအုပ်ထဲကနေအပြင်မထွက်ဖူးတဲ့ စီမာယန်ယန်းတစ်ယောက် အဲ့ဂတိကို ခုန်ပေါက်ပြီးတော့ပေးလိုက်လေတယ်

VOCÊ ESTÁ LENDO
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Ficção Históricaown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...