အပိုင်း(17)uni

1.2K 79 0
                                    

The legend of the blue sea

အပိုင်း(17) အတူတူခံမယ် အတူတူစံမယ်(2)

ရေဘုရင်က သူများအပြစ်ကိုခံယူ‌တဲ့နေရာမှာ အရမ်း စိတ်ဝင်စားတာများလား

ဒါမှမဟုတ် သူမစိတ်ကိုသိမ်းပိုက်ဖို့လုပ်‌နေတာလား

ရီနာနာတွေဝေသွားတယ်

သူဘာဖြစ်နေတာလဲ?

အချစ်ကျိန်စာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကို သိတဲ့သူကဟေးလုံတစ်ယောက်ထဲပဲ

ကျန်တဲ့သူတွေကတော့ ဘာမှမသိကြ‌ဘူးပေါ့

အဲ့တော့ သိပ်မကြာခင်မှာပဲ မိုးကြိုးနတ်ဘုရား ရိရန်ရဲ့မျက်နှာပေါ်မှာ လှောင်ရိပ်စွန်းသွားတော့တယ်

ဒီလူက သူ့ရဲ့မိုးကြိုးကို အလကားရလာတာမှတ်နေတယ်

ကောင်းပြီ ဘယ်လောက်နာကျင်တယ်ဆိုတာ သိရအောင် မြည်းခိုင်းကြည့်ရအောင်ပေါ့

သူတို‌့တွေက မိုးကြိုးရဲ့ပြင်းအားပေါ်မှာပဲတွက်ဆပြီးပြောနေငြင်းနေကြတာလေ

တကယ်က မိုးကြိုးနတ်ဘုရားရိရန်ဘယ်နှချက်ရိုက်မယ်ဆိုတာကိုမ‌ဆွေးနွေးခဲ့ကြဘူး

ဒါဆို?

မိုးကြိုးနတ်ဘုရားစိတ်ရှိသလောက်ရိုက်လို့ရတယ်ဆိုတဲ့သဘောလား

ဟေးလုံစိတ်ထဲရုတ်တရက်ဒီမေးခွန်းက ပေါ်လာခဲ့တယ်

အရမ်းအရေးကြီးတာကို သူတို့ဘာလို့မေ့နေကြပါလိမ့်

အဲ့တော့ ကမန်းကတန်းပဲ ရှုပ်ထွေးနေတဲ့အခြေအနေမှာ ထပ်ပြီး မီးစာတို့လိုက်ပြန်တယ်

"နေဦး အပြစ်ဒဏ်က ဘယ်နှချက်လဲ"

အစတုန်းကတော့ ‌ရေဘုရင်တစ်ယောက်ကိုပဲရိရန်စိတ်ဆိုးတာ

စိတ်ဆိုးတယ်ဆိုတာကလဲ သူ့နေရာသူမသိလို့လေ

အခုတော့ ဘုကလန့်နဂါးကောင်ကိုပါစိတ်တိုလာခဲ့ပြီ

"ဆယ့်နှစ်ချက်"

ဒါပေမဲ့လဲ ရှင်းပြရမှာသူ့တာဝန်ဆိုတော့ မျက်စောင်းထိုးနေရင်းနဲ့ပဲ ဟေးလုံရဲ့အမေးကိုဖြေလိုက်တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWo Geschichten leben. Entdecke jetzt