27.zgi

367 10 1
                                    

🌿The legend of the blue sea

အပိုင်း(27) ပေ့ထန်ရဲ့အကြံ

ထင်တဲ့အတိုင်းပဲ ရေဘုရင်က သူမဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေတော့တယ်

ရေဘုရင်က နာနာရဲ့ခါးသေးသေးလေးကိုဖက်ကာ အိပ်ဖို့ပြင်နေတယ်

ပုံစံကိုသာမိန်းကလေးပုံပြောင်းထားရတယ်
စိတ်ကတော့ယောကျာ်း‌တစ်ယောက်မို့

သလွန်ပေါ်မှာ အသက်ပြင်းပြင်းရှူနေမိပြီ

နာနာကလဲ မျက်ဝန်းပြာတွေထဲမှာတရှိန်းရှိန်းနဲ့တောက်လောင်နေတဲ့ရေဘုရင်ရဲ့ရမ္မက်မီးတွေကိုအပြုံးလေးနဲ့ကြည့်နေတယ်

ပြီးတော့ ရေဘုရင်ရဲ့ကြွက်သားတွေကိုလဲညင်သာစွာပွတ်သပ်လိုက်လေရဲ့

ရေဘုရင်ကလဲ သူမရဲ့ဆံနွယ်တို့ကိုအသာအယာသပ်ပေးရင်းနဲ့ သူမရဲ့ဖူးဖူးလေးနဲ့လှနေတဲ့နှုတ်ခမ်းလေးတွေပေါ်ကျောက်ချထားလေတယ်

နာနာရဲ့မျက်ဝန်းပြာတို့က မျက်တောင်ကော့ကော့လေးတွေရဲ့အောက်မှာပျောက်ဆုံးနေတယ်

အဲ့လိုပုံက သူ့ကိုအပြည့်အဝဆွဲဆောင်နိုင်တာပဲ

လိုအင်ဆန္ဒနဲ့သွေးသားရမ္မက်တို့ဟာ တနေရာထဲကိုပဲစီးသွားကြတယ်

ရေဘုရင်က နာနာရဲ့ပါးလေးပေါ်ညင်သာစွာနမ်းရှိုက်လိုက်ပြီး သူတို့ရဲ့ချစ်ခရီးကိုအစပြုဖို့ရာစတင်လိုက်ပေမဲ့

"အရှင်မင်းကြီးရောက်လာပါတယ်"

ရေဘုရင်ရဲ့မှေးစင်းနေတဲ့မျက်ဝန်းတို့ဖျတ်ခနဲပွင့်သွားပြီးအရာရာဟာညိုးငယ်ခြောက်ကပ်သွားလေရဲ့

ရီနာနာကတော့ သူ့ကိုလှောင်ရယ်ရယ်လေတယ်

ရေဘုရင်က သူမရဲ့နှာခေါင်းနုနုလေးကိုလိမ်ဆွဲလိုက်ပြီး နဖူးကိုအနမ်းတချက်ပေးပြီးနောက် မျက်စိမှိတ်လိုက်တယ်

သူ့မျက်လုံးတို့ပြန်ဖွင့်လာတော့ သူ့ရဲ့မျက်ဝန်းပြာများမှာ တုန်လှုပ်နေပြီးဖြူစင်ကြည်လဲလို့နေတယ်

ဒါက သူဟန်ဆောင်နိုင်တာအကုန်ပါပဲ

အစွမ်းကုန်ထုတ်သုံးနေတဲ့ရေဘုရင်ရဲ့ပါးပေါ် ရီနာနာအနမ်းတချက်ပေးလိုက်ရင်း

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now