အပိုင်း .9.zgi

848 13 0
                                    

🌿The legend of the blue sea

အပိုင်း( 9)သူမအောင်မြင်သွားပြီ

တိုင်တန်ခန်းမဆောင်က ရေတိုင်းပြည်ရဲ့အထွဋ်အမြတ်ထားရာတိုင်တန်ခရင်းခွသိမ်းဆည်းထားရာနေရာဖြစ်ပြီး ရေတိုင်းပြည်မှာငါးခုမြောက်ခန်းမဆောင်ဖြစ်တယ်

"အရှင့်ကိုအရိုအသေပေးပါတယ်"

သူမကိုပွေ့ပြီးခန်းမဆောင်ထဲဝင်လာတာနဲ့ ခန်းမကိုစောင့်ရှောက်နေတဲ့နဂါးကိုးကောင်ကအရိုအသေပြုလာခဲ့တယ်

သူကတော့ခေါင်းသာငြိတ်ပြပြီးခန်းမဆောင်ထဲဆက်ဝင်လာတာပေါ့

အနီးအနားရောက်လေ တိုင်တန်ခရင်းခွရဲ့စွမ်းအင်လှုပ်ရှားကလဲပိုများလာတယ်

တိုင်တန်ခန်းမအထဲရောက်သွားတာနဲ့ သူ့လက်ထဲကသူမကထိန်းချုပ်မူ့လွတ်သွားပြီးအလိုအလျောက်ထွက်ခွာသွားကာ တိုင်တန်ခရင်းခွရှေ့လွင့်မျောနေခဲ့တယ်

တိုင်တန်ခရင်းခွဟာ သုံးမှိန်းချောင်းပုံစံရှိပြီး ကောင်းကင် ပင်လယ် မြေပြင် ဆိုပြီး မှိန်းတခုစီရဲ့ရည်ညွှန်းချက်ဖြစ်တယ်

ရှေးအခါက ကောင်းကင် ပင်လယ်နဲ့မြေပြင်ဆိုပြီး သုံးနေရာကွဲခဲ့လို့ ကောင်းကင်မင်းကြီးကသားသုံးယောက်ကို‌တနေရာစီအုပ်စိုးစေခဲ့တယ်

အဲ့ဒီထဲမှာမှ ပင်လယ်နတ်ဘုရားဟာပိုလို့ထင်ရှားလာပြီးပိုလို့ကျော်ကြားလာခဲ့တယ်

အခုတော့ ပင်လယ်နတ်ဘုရားမရှိတော့ပေမဲ့ သူ့ရဲ့ဂုဏ်သတင်းနဲ့ တန်ခိုးကြီးတာကတော့ အရင်ကလိုရှိနေဆဲပါပဲ

မဟုတ်ရင် တိုင်တန်ခရင်းခွလှုတ်ခတ်လိုက်တာနဲ့ ရုတ်ရုတ်သဲသဲဖြစ်လာစရာမှမလိုတာ

ရေဘုရင်ကြည့်နေဆဲမှ တိုင်တန်ခရင်းခွဟာ မိမိသခင်ကိုတွေ့လိုက်သလို တုန်ရီပြီးထိန်းချုပ်ထားတာတွေကိုဖြတ်ပြီး သူမလေးရှေ့ကိုရောက်သွားခဲ့တယ်

သတိမေ့နေတဲ့ သူမလေးလဲနိုးလာပြီး နာကျင်မူ့သက်သာသွားတဲ့ဟန်နဲ့ပြုံးယောင်သမ်းနေတာကိုသူတွေ့လိုက်တော့ သူအရမ်းအံဩသွားမိတယ်

တလောကလုံးကိုလှုတ်ခတ်အောင်လုပ်နိုင်တဲ့သူမက ‌ကုန်းမြေမှာရော ရိုးရိုးလူသားမှဟုတ်ရဲ့လား

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalTempat cerita menjadi hidup. Temukan sekarang