The Lengend of the blue seaအပိုင်း(59) သူမရဲ့မျိုးနွယ်စုအမြစ်ဖြုတ်သုတ်သင်ရေး
"ပါးးး သမီးပြန်လာပြီ ဧည့်သည်ပါလာတယ်"
နဂိုက စာအုပ်ပုံထဲ အလုပ်ရှုပ်နေတဲ့ သတ်လတ်ပိုင်းအမျိုးသားယောကျာ်းက သူမကိုမော့ကြည့်ပြီးနောက် အတန်ကြာအေးခဲနေခဲ့တယ်
"ကျန်းဟိုင်ဘုရင်မ ရီနာနာ? "
"ဟုတ်တယ်ပါးး သမီးလဲ သိတာမကြာသေးဘူး"
ဘုရင့်သရဖူကိုဆောင်းထားတဲ့အမျိုးသားက ရှေ့ကိုတိုးလာကာ
သူ့သမီးကိုနောက်ပို့လိုက်ရင်း သူမကိုလက်နှစ်ဖက်ဆုပ်ကာဦးညွတ်ရင်း"ဘုရင်မ ကျွန်တော်မျိုးရဲ့သမီး အပြစ်လုပ်ခဲ့ရင် ခွင့်လွတ်ပေးပါ "
ရီနာနာ။ ။ "............ "
ရိရန်။ ။ "............"
စီမာယန်ယန်းး။။ ".........."
သူမက အဲ့လောက်တောင်ကြောက်ဖို့ကောင်းနေတာလား
ဒီလိုပျံသန်းမျိုးနွယ်စုရဲ့ဘုရင်ကတောင်သူမကို ဒီလိုဦးချိုးနေတာ
တခြားအကြောင်းအရင်းရှိလို့များလား
သူမ ဘယ်ကမှန်းမသိ သံသယတို့ပေါ်ထွက်လာပြန်ကာ သူမအတွေးကိုစိုးမိုးသွားပြန်တယ်
"အရှင်မင်းကြီး ကျွန်မတို့ စကားနဲနဲပြောကြရအောင်"
လုပ်ပြုံးကြီးနဲ့ရီနာနာကြောင့် ပျံသန်းမျိုးနွယ်စုရဲ့ဘုရင်က သူမကိုမျက်မှောင်ကြုတ်ကာကြည့်လာလေတယ်
ဒါပေမဲ့လဲ ဧည့်သည်ကတောင်းဆိုလာမှတော့ သူက ဘယ်လိုလုပ်ငြင်းဆန်နိုင်မှာလဲ
"ကောင်းပါပြီ"
ပျံသန်းမျိုးနွယ်စုရဲ့ဘုရင်က သူ့သမီးကို မျက်စပစ်ပြလိုက်တယ် စီမာယန်ယန်းက ရီနာနာကိုတချက်ကြည့်ပြီးမှ သူ့အဖေကိုပြန်ကြည့်ကာ ခေါင်းငြိမ့်ပြတယ်
ရိရန်လဲ နားလည်မူ့ရှိစွာနဲ့ စီမာယန်ယန်းနောက်လိုက်သွားခဲ့လေတယ်
"ထိုင်ပါ"
ပျံသန်းမျိုးနွယ်စုရဲ့ဘုရင်က သူမကို ထိုင်ခုံနေရာပြင်ပေးပြီး သက်တောင့်သက်သာထိုင်စေတယ်

VOUS LISEZ
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Fiction Historiqueown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...