The Lengend of the blue seaအပိုင်း(50) မော့ဟွားနှင့်လီဝမ်တို့ရဲ့ကလေးငယ်(1)
သူမကသာဒေါသထွက်နေတာ ရိရန်ကတော့ အိမ်မက်ေတွတောင်မက်လို့
"ဟားးဟားး ရိရန် ရှင်က နတ်ဘုရားမဟုတ်ဘူးလား ဘာလို့အိပ်နေသေးတာလဲ ဟမ် တခါထဲမထနိုင်အောင်လုပ်ပေးလိုက်မယ် သေပေတော့"
သူမ ရိရန်ကိုအားကုန်တိုက်တော့တယ်
အိပ်နေတဲ့ရိရန်ကလဲ မျက်လုံးပွင့်လာကာ ရိုးသားတဲ့မျက်နှာလေးကိုတပ်ဆင်ထားကာ ခြေတခါခါ လက်တခါခါနဲ့
"မဟုတ်ဘူး မဟုတ်ဘူး မင်းကိုနမ်းဖို့မရည်ရွယ်ပါဘူး "
"ပါးစပ်ပိတ်ထား"
"တကယ်ပြောတာအဲ့တာ တမင်လုပ်တာမဟုတ်ဘူးလို့"
"ပါးစပ်ပိတ်ထားလို့ပြောနေတယ်လေ"
"ကိုယ်..... ! မင်းးးးး ! "
"ပိတ်....ထားး ! "
ရီနာနာက တိုင်တန်ခရင်းခွကို အကြိမ်ကြိမ်လွှဲရမ်းရင်း ရိရန်ကိုလိုက်တိုက်ခိုက်နေခဲ့တယ်
ရိရန်ကလဲ ယပ်တောင်လေးကိုကာရင်းနဲ့ သူမကိုရှောင်နေလေတယ်
"ဘာဖြစ်ကြတာလဲ "
တည်းခိုဆောင်တခုလုံးကိုဖြိုချလို့အပြီးမှာတော့ ဝိုလျန်းနဲ့လီယူရီလဲရောက်လာကြပြီး စိုးရိမ်တကြီးမေးမြန်းလာမှပဲ သူမ ပုံမှန်အသိစိတ်ပြန်ဖြစ်လာတော့တယ်
"အဟမ်း "
ရိရန်က နှာခေါင်းပွတ်လိုက်ကာ ချောင်းဟန့်လိုက်တယ်
ရီနာနာကတော့ ရှက်နေပြီးတော့ ရိရန်ကိုမျက်စောင်းထိုးပစ်လိုက်လေရဲ့
အံကြိတ်ထားတဲ့အသံကိုလဲ အတိုင်းသားကြားလိုက်ရတာမို့ ရိရန်ကျောတော့နဲနဲတွန့်သွားလေတယ်
"ကဲကဲ ကျီစားမနေကြတော့နဲ့ မနက်ပဲမိုးလင်းနေပြီမသွားကြသေးဘူးလား"
"ကျဲ ကျီစားတာမဟုတ်ပါဘူးဆိုနေ "
ရီနာနာရဲ့ဆောင့်အောင့်ပြီးပြောလိုက်အသံနဲ့ ရင်းရင်းနှီးနှီး ကျဲလို့ခေါ်သံလေးက ဝိုလျန်းကိုပြုံးမိစေတယ်
![](https://img.wattpad.com/cover/272329755-288-k167884.jpg)
ESTÁS LEYENDO
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Ficción históricaown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...