အပိုင်း(87)uni&zgi

458 27 1
                                    


The Lengend of the blue sea

အပိုင်း(87) အနီရောင်နမိတ်ကထပ်မံထွက်ပေါ်လာတယ်၊

"မေမေ့အမှားတွေပါ မေမေနဲ့ဝေးပြီးအကြာကြီးထားမိတယ် ကလေးလေး ပင်ပန်းနေမှာပဲ သနားပါတယ်"

အစကတော့ ရှောင်ဟုန်မှာ ပျော်ရွှင်နေရာကနေ သူမအမေပြောလိုက်တဲ့စကားကြောင့် သူမဘယ်လိုဖြတ်သန်းလာခဲ့ရလဲဆိုတာတွေးမိပြီးငိုပါတော့တယ်

ရီနာနာကတော့ သူမရဲ့ကလေး ကျောပြင်ကိုသာပုတ်ပေးလိုက်တော့တယ်

"မေမေတို့ ဘွားဘွားကိုသွားတွေ့ကြစို့"

"ဟင်? ဖွားဖွား? "

"အင်း မားမားကိုမွေးတဲ့မားမားရဲ့အမေပေါ့"

"ဟုတ် "

ရီနာနာက ရှောင်ဟုန်ရဲ့လက်ကိုဆွဲကာ အပြင်ထွက်သွားဖို့လုပ်လိုက်တယ်

အဲ့အချိန်မှာပဲ စီမာချင်းဖန်းဝင်လာကာ

"နာနာ ကိုယ့်ကို‌ထားခဲ့တော့မလို့လား မင်းအားလုံးကိုမှတ်မိသွားပြီလား"

ရီနာနာက စီမာချင်းဖန်းကိုလှည့်ကြည့်လိုက်တယ်

ဒီလူသားလေးက သူမကြုံခဲ့ရတဲ့သူတွေထဲမှာ စာနာမူ့အရှိဆုံးပဲ သူမကိုပျော်အောင် အမြဲထားပေးခဲ့တဲ့လူပဲ

ဒီလူနားမှာရှိရင် သူမအရမ်းကိုလုံခြုံတယ်

အရမး်ကိုနွေးထွေးတယ်

ဒါပေမဲ့ သူမဘဝကအရမ်းကိုရှုပ်နေပြီးသား သူဒီအရှုပ်ထဲမှာ ဆက်ရှိနေဖို့ သူမခွင့်ပြုပေးမှာမဟုတ်ဘူး

"ချင်းဖန်း ရှောင်ဟုန်ကိုခေါ်သွားဖို့လိုတယ် "

"ဘာလို့လဲ ကိုယ့်မှာ ကျားကျားတစ်ယောက်ထဲရှိတာ ခေါ်မသွားပါနဲ့ ကျေးဇူးပြုပြီးတော့ ရှောင်ဟုန်ကိုခေါ်မသွားနဲ့ ဒါမှမဟုတ်လဲ နာနာ ကိုယ့်ကိုချန်မထားခဲ့ပါနဲ့လား ကိုယ်မင်းတို့သားအမိမရှိပဲ မနေနိုင်ဘူး"

ရှောင်ဟုန်လေးကလဲ မျက်ရည်တွေနဲ့ငိုနေပြီ ချင်းဖန်းကလဲ သူမလက်ကိုဆွဲကာ အတင်းတောင်းပန်နေလေပြီ

"ကောင်းပြီ "

နောက်ဆုံးတော့ မတတ်သာပဲ အဲ့သားအဖနှစ်‌ယောက်က သူမရဲ့ခရီးစဉ်ထဲဝင်ပါလာခဲ့တော့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now