ch.49.uni&zgi

632 30 1
                                    

The Lengend of the blue sea

အပိုင်း(49) ရိရန်ရဲ့အနမ်းတပွင့်

သူမစိတ်ပျော်နေလို့လားမသိ သီချင်းလေးညည်းရင်း သူမအဆောင်ကိုဖြေးညှင်းစွာလျှောက်ပြန်နေလေတယ်

ရိရန်က သူမနောက်ကိုလိုက်လာပြီး သူမစိတ်ပျော်နေတာတွေကို ဖျက်ဆီးချင်ပုံရတယ်

"ဟေး ကိုယ်တို့ မိုးကြိုးခုနှစ်ချက်လောက် ရိုက်လိုက်ကြမလား မင်းလဲ ပြစ်ဒဏ်တဝက်ကြေ ကိုယ်လဲ တာဝန်မကျေဘူးဆိုပြီးပြောစရာမလိုတော့ဘူးပေါ့"

"..........."

သူမ ရိရန်ကို‌မျက်စောင်းထိုးပစ်လိုက်တယ်

ခံစားချက်ကောင်းနေပြီဆိုရင် အဲ့ငကြောင်က ဘယ်ကရောက်လာပြီးတော့ ဝင်ဝင်ဖျက်ဆီးနေမှန်းမသိဘူး

"မင်းမြင်တဲ့အတိုင်းပဲ သူတို့စုံတွဲက ဖျက်လို့မရဘူးနော် မင်း လီယူရီကိုချစ်‌မိသွားတယ်ဆိုလဲ စောစောအမြစ်ဖျက်လိုက်တာကောင်းမယ်"

".............."

ဒီတစ်ကောင်က ဘယ်ဥကပေါက်တာလဲ သူများကို စိတ်အနေ‌ှာင့်အယှက်ပေးတဲ့နေရာမှာအရမး်တော်တယ်

သူမက ဘာလို့ သူများစုံတွဲကိုဖျက်ရမှာလဲ

"ရှင့်ရဲ့ဘယ်မျက်စိက ကျွန်မ လီယူရီကိုကြိုက်သွားပါတယ်လို့ ထင်နေရတာလဲ ဟမ် ကန်းသွားပြီလား"

"ဟမ် ! ဒါဆို မင်းက ဝိုလျန်းကိုကြိုက်တာလား "

"..........."

သေစမ်း ဒီတစ်ကောင်က ဘယ်လိုတောင် လမ်းလျော်နေရတာလဲဟ

"လီယူရီသတ်တာခံချင်ရင် လုပ်လေ ကျန်တာတော့မသိဘူး လီယူရီက သူ့မိန်းမထိလို့ကတော့ ရေဆုံးမြေဆုံးလိုက်တာပဲ "

ဒီတစ်ယောက်က သူမရဲ့သီးခံနိုင်စွမ်းကို အရမ်းကြီး ထိပါးနေပြီလို့ခံစားရတယ်

"ရိရန် ! "

သူမ အံကြိတ်ပြီးခေါ်လိုက်တယ်

"ဟားဟား ဒေါသထွက်သွားပြီလား"

"တမင်လုပ်နေတာလား ‌ရှင်က အပြစ်ပေးတဲ့မိုးကြိုးနတ်ဘုရားဖြစ်တိုင်း လုပ်ချင်တိုင်းလုပ်လို့ရတယ်များမှတ်နေလားဟမ် "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWo Geschichten leben. Entdecke jetzt