အပိုင်း(34)

772 37 0
                                    

🌿The legend of the blue sea

အပိုင်း(34)ပေ့ထန်ရဲ့ယုံကြည်မူ့

ရေဘုရင် အန်ချင်နေတဲ့စိတ်ကိုကျိတ်မှိတ်ကာမျိုသိပ်နေရင်းနဲ့ သူ့အကြည့်ကို ပေ့ထန်ဆီဆက်ပို့ထားရတယ်

အားးး သူတော့ ရွံလွန်းလို့မျက်စိတွေကန်းတော့မှာပဲ

"ကောင်းပြီ ကိုယ်ခေါ်သွားပေး‌တာပေါ့ ဒါပေမဲ့ မင်းကျဲကျဲကိုမလိုအပ်တဲ့စကားပြောလို့မရဘူးဆိုတာတော့ပြောထားဦးနော်"

"ကောင်းပါပြီ "

"ဲဒါနဲ့ မင်းကျဲကျဲက မင်းကိုသတိမရဘူးဆို ဝမ်ဝမ် မင်းကျဲကျဲအခုသက်သာသွားပြီလား "

"သူမပြောတာက ဘာတဲ့ ယာယီသတိမေ့ခြင်းအဆိပ်ဆိူလားအခတ်ခံထားရတယ်တဲ့ ကြည့်ရတာ ကျဲကျဲကိုလဲကြိုက်တဲ့သူပေါ်လာတာလားမသိဘူး "

"အဆိပ်တဲ့လား"

"ဟုတ်"

"အင်း ကိုယ်သူ့ကိုပါကုဖို့တောင်းဆိုကြည့်လိုက်မယ် ဟုတ်ပြီလား စိတ်ပူမနေတော့နဲ့နော် "

"ဟုတ်"

ပေ့ထန်တစ်ယောက် ကောင်မလေးဆီက အားကိုးလို့ရတဲ့ချီးကျုးရိပ်လေးထင်နေတာကိုကြည့်ကာကျိတ်ပျော်နေလေတယ်

သူမက သူ့ရဲ့အချစ်စစ်ပဲ

သူမလေးက အရမး်ရိုးသားလွန်းတယ်

သူမလေးက အရမ်းချစ်ဖို့ကောင်းကာဖြူစင်တယ်

သူဒါကိုအမြဲသတိထားမိတယ်

နတ်သူငယ်မျိုးနွယ်လဲဖြစ် သူါကိုလဲအကျိုးပြုနိုင်တော့ ဒီကောင်မလေးနဲ့သာကလေး‌တစ်ယောက်ရသွားမယ်ဆို သူ့နောက်ပိုင်းမျိုးဆက်က အသက်အရမ်းရှည်ကြမဲ့အပြင် နတ်သူငယ်သွေးတွေလဲစီးဆင်းနေမှာ

အစွမ်းရှိပြီးအသက်ရှည်တဲ့မျိုးနွယ်စု ဘယ်လောက်တောင်မိုက်လိုက်မလဲလို့

"ဒါဆို ကိုယ့်ကိုဆုပေးရမယ်လေ ဒီမှာ အနမ်းတပွင့်လိုချင်တယ် "

ပေ့ထန်ရဲ့စကားကြောင့် ရေဘုရင် သေအောင်ရိုက်သတ်မိတော့မလို့ပဲ

ဒါပေမဲ့ သူ့ကိုယ်သူပြန်ပြောနေရတယ်

တည်နေရာကိုသာသိရင် သူလဲဆက်ဟန်ဆောင်နေစရာမလိုတော့ဘူး

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalDove le storie prendono vita. Scoprilo ora