🌿The legend of the blue sea
အပိုင်း(27) ပေ့ထန်ရဲ့အကြံ
ထင်တဲ့အတိုင်းပဲ ရေဘုရင်က သူမဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေတော့တယ်
ရေဘုရင်က နာနာရဲ့ခါးသေးသေးလေးကိုဖက်ကာ အိပ်ဖို့ပြင်နေတယ်
ပုံစံကိုသာမိန်းကလေးပုံပြောင်းထားရတယ်
စိတ်ကတော့ယောကျာ်းတစ်ယောက်မို့သလွန်ပေါ်မှာ အသက်ပြင်းပြင်းရှူနေမိပြီ
နာနာကလဲ မျက်ဝန်းပြာတွေထဲမှာတရှိန်းရှိန်းနဲ့တောက်လောင်နေတဲ့ရေဘုရင်ရဲ့ရမ္မက်မီးတွေကိုအပြုံးလေးနဲ့ကြည့်နေတယ်
ပြီးတော့ ရေဘုရင်ရဲ့ကြွက်သားတွေကိုလဲညင်သာစွာပွတ်သပ်လိုက်လေရဲ့
ရေဘုရင်ကလဲ သူမရဲ့ဆံနွယ်တို့ကိုအသာအယာသပ်ပေးရင်းနဲ့ သူမရဲ့ဖူးဖူးလေးနဲ့လှနေတဲ့နှုတ်ခမ်းလေးတွေပေါ်ကျောက်ချထားလေတယ်
နာနာရဲ့မျက်ဝန်းပြာတို့က မျက်တောင်ကော့ကော့လေးတွေရဲ့အောက်မှာပျောက်ဆုံးနေတယ်
အဲ့လိုပုံက သူ့ကိုအပြည့်အဝဆွဲဆောင်နိုင်တာပဲ
လိုအင်ဆန္ဒနဲ့သွေးသားရမ္မက်တို့ဟာ တနေရာထဲကိုပဲစီးသွားကြတယ်
ရေဘုရင်က နာနာရဲ့ပါးလေးပေါ်ညင်သာစွာနမ်းရှိုက်လိုက်ပြီး သူတို့ရဲ့ချစ်ခရီးကိုအစပြုဖို့ရာစတင်လိုက်ပေမဲ့
"အရှင်မင်းကြီးရောက်လာပါတယ်"
ရေဘုရင်ရဲ့မှေးစင်းနေတဲ့မျက်ဝန်းတို့ဖျတ်ခနဲပွင့်သွားပြီးအရာရာဟာညိုးငယ်ခြောက်ကပ်သွားလေရဲ့
ရီနာနာကတော့ သူ့ကိုလှောင်ရယ်ရယ်လေတယ်
ရေဘုရင်က သူမရဲ့နှာခေါင်းနုနုလေးကိုလိမ်ဆွဲလိုက်ပြီး နဖူးကိုအနမ်းတချက်ပေးပြီးနောက် မျက်စိမှိတ်လိုက်တယ်
သူ့မျက်လုံးတို့ပြန်ဖွင့်လာတော့ သူ့ရဲ့မျက်ဝန်းပြာများမှာ တုန်လှုပ်နေပြီးဖြူစင်ကြည်လဲလို့နေတယ်
ဒါက သူဟန်ဆောင်နိုင်တာအကုန်ပါပဲ
အစွမ်းကုန်ထုတ်သုံးနေတဲ့ရေဘုရင်ရဲ့ပါးပေါ် ရီနာနာအနမ်းတချက်ပေးလိုက်ရင်း
![](https://img.wattpad.com/cover/272329755-288-k167884.jpg)
YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...