🌿The legend of the blue sea
အပိုင်း(35)ပေ့ထန်ရဲ့ယုံကြည်မူ့(2)
ရေဘုရင် အန်ချင်နေတဲ့စိတ်ကိုကျိတ်မှိတ်ကာမျိုသိပ်နေရင်းနဲ့ သူ့အကြည့်ကို ပေ့ထန်ဆီဆက်ပို့ထားရတယ်
အားးး သူတော့ ရွံလွန်းလို့မျက်စိတွေကန်းတော့မှာပဲ
"ကောင်းပြီ ကိုယ်ခေါ်သွားပေးတာပေါ့ ဒါပေမဲ့ မင်းကျဲကျဲကိုမလိုအပ်တဲ့စကားပြောလို့မရဘူးဆိုတာတော့ပြောထားဦးနော်"
"ကောင်းပါပြီ "
"ဲဒါနဲ့ မင်းကျဲကျဲက မင်းကိုသတိမရဘူးဆို ဝမ်ဝမ် မင်းကျဲကျဲအခုသက်သာသွားပြီလား "
"သူမပြောတာက ဘာတဲ့ ယာယီသတိမေ့ခြင်းအဆိပ်ဆိူလားအခတ်ခံထားရတယ်တဲ့ ကြည့်ရတာ ကျဲကျဲကိုလဲကြိုက်တဲ့သူပေါ်လာတာလားမသိဘူး "
"အဆိပ်တဲ့လား"
"ဟုတ်"
"အင်း ကိုယ်သူ့ကိုပါကုဖို့တောင်းဆိုကြည့်လိုက်မယ် ဟုတ်ပြီလား စိတ်ပူမနေတော့နဲ့နော် "
"ဟုတ်"
ပေ့ထန်တစ်ယောက် ကောင်မလေးဆီက အားကိုးလို့ရတဲ့ချီးကျုးရိပ်လေးထင်နေတာကိုကြည့်ကာကျိတ်ပျော်နေလေတယ်
သူမက သူ့ရဲ့အချစ်စစ်ပဲ
သူမလေးက အရမး်ရိုးသားလွန်းတယ်
သူမလေးက အရမ်းချစ်ဖို့ကောင်းကာဖြူစင်တယ်
သူဒါကိုအမြဲသတိထားမိတယ်
နတ်သူငယ်မျိုးနွယ်လဲဖြစ် သူါကိုလဲအကျိုးပြုနိုင်တော့ ဒီကောင်မလေးနဲ့သာကလေးတစ်ယောက်ရသွားမယ်ဆို သူ့နောက်ပိုင်းမျိုးဆက်က အသက်အရမ်းရှည်ကြမဲ့အပြင် နတ်သူငယ်သွေးတွေလဲစီးဆင်းနေမှာ
အစွမ်းရှိပြီးအသက်ရှည်တဲ့မျိုးနွယ်စု ဘယ်လောက်တောင်မိုက်လိုက်မလဲလို့
"ဒါဆို ကိုယ့်ကိုဆုပေးရမယ်လေ ဒီမှာ အနမ်းတပွင့်လိုချင်တယ် "
ပေ့ထန်ရဲ့စကားကြောင့် ရေဘုရင် သေအောင်ရိုက်သတ်မိတော့မလို့ပဲ
ဒါပေမဲ့ သူ့ကိုယ်သူပြန်ပြောနေရတယ်
တည်နေရာကိုသာသိရင် သူလဲဆက်ဟန်ဆောင်နေစရာမလိုတော့ဘူး

KAMU SEDANG MEMBACA
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Fiksi Sejarahown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...