🌿The legend of the blue sea
အပိုင်း(20) ကုန်းမြေဆီသို့
သူ့ကိုထောက်ကန်ထားပေးတဲ့ရီနာနာပါရောပြီး ပူကျစ်နေတဲ့သဲသောင်ပြင်ပေါ်ပစ်လဲသွားတော့တယ်
ရီနာနာ ။ ။ "..........."
ရေဘုရင်။ ။".............."
သူရဲ့ကြွက်သားတွေက သူမရဲ့ရင်သားေတွပေါ်ပိနေပြီး သူ့နှုတ်ခမ်းကတော့ သူမရဲ့နှုတ်ခမ်းထောင့်စွန်းလေးကိုထိလို့နေတယ်
အလားတူပဲ သူ့ရဲ့ ဆင်နှာမောင်းကလဲ သူမကိုအသားယူလျက်ပေါ့
ရီနာနာကြက်သီးထသွားခဲ့တယ်
ပြီးတော့ ထိတ်လန့်သွားတယ်
ဒါကြောင့်ရောယောင်ပြီးတွန်းထုတ်မိတော့တာပဲ
ရေဘုရင်ခမျာမှာတော့ ရီနာနာတွန်းထုတ်လိုက်သည့်တိုင် ချိုမြိန်ပြင်းရှတဲ့အရသာမှာရစ်မူးနေတုန်းပဲ
သူ့ရဲ့မျက်နှာတပြင်လုံးနဲ့နားရွက်လေးတွေပါမကျန်ပန်းသီးရောင်ထသွားခဲ့တယ်
အခုလေးတင်ရလိုက်တဲ့နူးညံ့ချိုမြိန်တဲ့အနမ်းဟာ သူ့တကိုယ်လုံးကိုလေပေါ်မြောက်တက်သွားစေလေရဲ့
ရီနာနာကတော့ ခြေထောက်ရတာနဲ့ပစ်လဲသွားတဲ့ရေဘုရင်ကိုကြည့်ကာ ခေါင်းကိုက်သွားပြီ လမ်းလျှောက်နည်းကိုနေ့တဝက်လောက်သင်ပေးလိုက်မှပဲ အဆင်ပြေသွားတော့တယ်
ဆံနွယ်တွေကိုေသချာထံုးေနှာင်လိုက်ပြီး တိုင်တန်ခရင်းခွကိုတော့ သူမရဲ့ဆံထိုးအဖြစ်ထိုးထားလိုက်တယ်
ကျောပြင်အပြည့်နဲ့အနဲငယ်လှိုင်းတွန့်ဆံပင်ရှိတဲ့ရေဘုရင်ကိုတော့ တဝက်စီးပေးလိုက်ပြီး ဘေးကသစ်ကိုင်းကိုလှလှလေးချိုးပြီးထိုးပေးလိုက်တော့တာပဲ
ကိုယ်ေပါ်ကဝတ်ရုံတွေအတွက်ကတော့ ထုံးစံအတိုင်း
လူတွေရေချိုးနေတုန်းအလစ်ယူလာတာပဲပေါ့အဲ့လိုနဲ့ကမ်းခြေပေါ်မှာတည်ထားတဲ့မြို့ငယ်လေးထဲခြေချဖြစ်ခဲ့ကြတယ်
ဒါပေမဲ့ မြို့တွေကမြို့ပျက်လိုပဲလူမရှိဘူး
ပြီးတော့ တစ်ယောက်တလေသာရှိတဲ့မြို့ခံလူငယ်တွေကကလဲ ထိုင်းမှိုင်းလေးလံပြီး တွေဝေငြိမ်သက်နေကြတယ်

ESTÁS LEYENDO
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Ficción históricaown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...