The Lengend of the blue sea
အပိုင်း(43) သေခြင်းရှင်ခြင်းစာချုပ်
ပေ့ထန် ပြောစရာပျောက်ရှသွားတယ် အဲ့လိုမှန်းသိရင် သူမကိုချုပ်ကိုင်ဖို့ လူတစ်ယောက်လောက်ကိုတော့ မသတ်ပဲ အရှင်ထားလိုက်ရမှာလို့နောင်တရစွာတွေးနေမိတယ်
ကံမကောင်းစွာနဲ့ပဲ အဲ့နောင်တတွေက အခုတော့ အသုံးမဝင်တော့ပါဘူး
ရီနာနာကတော့ ပြုံးမြဲပြုံးနေဆဲဖြစ်ပြီး နူးနူးညံ့ညံ့မိန်းကလေးအသွင်ကိုယူထားဆဲပဲ လက်ထဲက ရုန်းကန်နေတဲ့ မြေခွေးလေးကိုသာကိုင်မထားခဲ့ရင် သူရဲကောင်းတွေအားလုံးက သူမကိုကယ်တင်ဖို့အတွက်လာကြလိမ့်မယ်
"ငါက မြင့်မြင့်မြတ်မြတ်နဲ့ မျှမျှတတအုပ်ချုပ်ခဲ့တယ် ငါ့ရဲ့ဖြူစင်တဲ့စိတ်နှလုံးကို နင်က အမဲရောင်ဆိုးပေးခဲ့တယ် အခုငါ မဲညစ်နေပြီဆိုတော့ နင်က မဲတယ်လို့ပြောလာပြန်ရော ပြောကြည့်ပါဦး တကယ်တမ်း နင်လိုချင်ေနတာက ဘာအရောင်များလဲ ဒါပေမဲ့ အခုတော့ ငါက နင့်ကို အနီရောင်ခြယ်ပေးမယ် သွေးအရောင်လေ ငါအကြိုက်ဆုံးအရောင်ပေါ့ နင်နဲ့သိပ်လိုက်မှာပဲ သိလား"
ရီနာနာက မြေခွေးလေးကို ကိုင်ထားရင်းမှ ရှေ့တက်လာကာ တိုင်တန်ခရင်းခွကိုသုံးပြီး ပေ့ထန်ရဲ့နှလုံးနေရာကိုဖောက်ကာ အသားတစ်တခုကိုယူလိုက်တယ်
ပြီးတော့ မြေခွေးလေးကိုကျွေးလိုက်တယ်
သေခြင်းတရားကိုကြောက်ရွံ့ပေမဲ့ သွေးနံ့ရလာတော့ မြေခွေးလေးက နှလုံးအသားတစ်ကို တလုတ်ထဲနဲ့မြိုချပစ်တော့တာပဲ
ဘယ်လောက်တောင်စားချင်နေလဲဆိုရင် ပေ့ထန်ရဲ့နာနာကျင်ကျင်အော်သံကတောင် မြေခွေးလေးကို မထိတ်လန့်စေတဲ့အထိပဲ
စားပြီးလို့ကျေနပ်သွားတဲ့မြေခွေးလေးကလျှာသပ်လိုက်တုန်း ရီနာနာက မြေခွေးလေးရဲ့နှလုံးကိုဖောက်ကာ အသားတစ်တခုကိုထုတ်ယူလိုက်ပြန်တယ်
ဒီတခါတော့ မြေခွေးလေး နာနာကျင်ကျင်နဲ့အော်ညည်းရတဲ့အလှည့်ပဲပေါ့
အကြောက်လွန်ပြီးမေ့မျောသွားတဲ့မြေခွေးက သူ့ရဲ့အသက်သေတော့မှာကိုမသိပဲ ပေ့ထန်ရဲ့ခြေရင်းကိုပစ်ချခံလိုက်ရတယ်
![](https://img.wattpad.com/cover/272329755-288-k167884.jpg)
VOUS LISEZ
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Fiction Historiqueown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...