🌿The Lengend of the blue sea
အပိုင်း(66) ဒီလူဘယ်သူလဲ
ခန်းမရဲ့အမြင့်ဆုံးနေရာမှာထိုင်နေတာက လက်ခံသူအိမ်ရှင် ဝံပုလွေကိုးကောင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲနေမယ်
သပ်ရပ်စွာစည်းနှောင်ထားပြီး မျက်နှာထားက စာသင်သားလို ကြည့်လို့ကောင်းလှတယ်
မိန်းကလေးလိုအရမ်းလှတဲ့နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သူ့ရဲ့တောက်ပတဲ့မျက်လုံးတွေက ဟိုဟိုသည်သည်လျို့ဝှက်စွာအကဲခတ်နေလေတယ်
သူမ သတိအထားမိဆုံးကတော့ ထောင့်မှာရှိနေတဲ့ယောကျာ်းတစ်ယောက်ပဲ
သူက မြင့်မြတ်ဟန်ပေါ်ပေါ်ပြီး အေးစက်တဲ့အရှိန်အဝါတွေလဲထွက်နေတယ်
သူ့ရဲ့မျက်နှာတဝက်လောက်ကိုဖုံးကွယ်ထားတယ်ဆိုပေမဲ့ လေအလွင့်မှာ ဖျတ်ခနဲမြင်လိုက်ရတာက ချောမောလှပတဲ့အပြင် ပြီးပြည့်စုံတဲ့အသွင်အပြင်ပဲ
ယောကျာ်းပီသပြည့်စုံတဲ့နှုတ်ခမ်းသားထူထူလေးနဲ့ဗာဒံစေ့သဏ္ဍန်မျက်ဝန်းတို့ကအရမ်းလိုက်ဖက်လှတယ်
အထူးသဖြင့် လောကီနဲ့ကင်းကွာနေတဲ့မျက်ဝန်းမျိုးကို သူမပိုလို့နှစ်သက်မိတယ်
ရုတ်တရက် အဲ့မျက်ဝန်းပိုင်ရှင်ရဲ့အကြည့်ကသူမဆီရောက်လာခဲ့တယ်
သူမကလဲ သူ့ရဲ့စားပွဲရှေ့အရောက် သူကလဲ မော့အကြည့် နဖူးထက်ကအနီေရာင်ဖီးနစ်ငှက်ပုံလေးက သူမကို ကြာရှည်စွာငေးမောမိစေတယ်
သူကလဲ သူမကိုငေးကြည့်လာတယ်
ရုတ်တရက် သူမနှလုံးသားထဲကရင်းနှီးကျွမ်းဝင်နေတဲ့ခံစားချက်နဲ့အတူ သူမဆီမှာပျောက်ဆုံးနေခဲ့တဲ့ ရင်ခုန်သံကပါနိုးထလာလေတယ်
သူမတကိုယ်လုံးပူနွေးလာတယ် သူမရဲ့နားရွက်ဖျားတွေပါ နီရဲလာလေတယ်
အခု သူမခံစားလိုက်ရတာအချစ်ဆိုတာလား
ဘယ်နေရာကမှန်းမသိပေမဲ့ သူမက သူနဲ့အလွန်အမင်းရင်းနှီးနေတဲ့ခံစားချက်အပြင် သူမ မသိစိတ်ကပြောနေတာ ဆွဲထားဖို့ လက်မလွတ်လိုက်ဖို့ သူ့ဘေးနားကထွက်မသွားဖို့

YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...