🌿The legend of the blue sea
အပိုင်း(29) ဟေးလုံ
သူမ ရေကမ်းစပ်ကိုရောက်ဖို့ မရပ်မနားနဲ့ခရီးနှင်ခဲ့တယ်
နန်းမြို့ထဲကခိုးယူလာတဲ့မြင်းကို တနေရာမှာသေချာချည်ခဲ့ပြီး တိုင်တန်ခရင်းခွကိုဆင့်ခေါ်ကာ အမြန်ဆုံးနှုနး်နဲ့ သွားခဲ့တယ်
ခုနှစ်ရက် ခုနှစ်ည
သူမ မအိပ်ရသေးတာက အဲ့လောက်ရှိနေပြီ
မျက်ဝန်းပြာတွေရဲ့ဘေးကသွေးကြောတွေကနီရဲနေပြီး ပင်ပန်းနွမ်းနယ်နေတာက အသိအသာ
"ဟေးးးးးးးလုံ......."
ပင်လယ်ကမ်းစပ်ကိုလာပြီး ဒီလိုလာအော်တာက နဲနဲကြောင်တောင်တောင်နိုင်တယ်ဆိုတာသိပေမဲ့ ပင်လယ်ထဲဆင်းခိုင်းတာကို ငြင်းဆန်ပြီး သူမနားကပ်နေတဲ့ကလေးဆန်တဲ့တိုင်တန်ကြောင့် သူမ အော်ခေါ်ရတော့တယ်
"ဟေးးးးးးးလုံ........နင့်ရဲ့သခင်ကနင့်ကိုလွမ်းနေတယ်တဲ့ "
သေချာတာပေါ့ သူမ နေ့နေ့ညည ခရီးနှင်လာပြီး လာအော်နေတာက ဒီလိုထူးထူးဆန်းစကားတော့ဘယ်ဟုတ်ပါ့မလဲ
ဒါပေမဲ့ ရေဘုရင်က ဒုက္ခေတွ့ေနတယ်ဆိုတာကို တခြားသူတွေသိသွားရင် ရေဘုရင်ရဲ့အသက်အန္တရာယ်ကျရောက်လာနိုင်တာကြောင့် သူမဒီလိုပဲအော်နိုင်တယ်
ကံကောင်းစွာနဲ့ ဟိုအရူး နားလည်ပြီး လာပါစေလို့ပဲဆုတောင်းရတော့မယ်
"ဟေးးးးးး "
"ကျွန်တော်မျိုး ဒီမှာ "
"ဟမ်"
အသားညိုညိုလေးနဲ့ အရပ်ရှည်ကာ ချောမောတဲ့ကောင်ငယ်လေးက သူမနားရောက်လာပြီး ကျွန်တော်ဒီမှာလို့လာပြောတယ်
"အမ် "
"ရုပ်ဖျက်ထားတာလေ ရေဘုရင်တစ်ယောက်ထဲ အပြင်ထွက်သွားတာစိတ်မချလို့ ဒီမှာနေ့တိုင်းလာစောင့်နေတာ "
သူမ အနဲငယ်ကြောင်အနေပြီးမှ ဟေးလုံရဲ့လက်ကိုဆွဲကာ တိုင်တန်ပေါ်တွန်းတင်ရတော့တယ်
ဒါပေမဲ့လဲ တိုင်တန်ခရင်းခွက ဟေးလုံကိုပေးမတက်ဘူး တိုင်တန်ခရင်းခွရဲ့ချွန်ထက်တဲ့ဘက်ခြမ်းက ဟေးလုံကိုချိန်ထားပြီး အချိန်မရွေး ထထိုးလိုက်တော့မလို တုန်ခါလို့နေတယ်
![](https://img.wattpad.com/cover/272329755-288-k167884.jpg)
KAMU SEDANG MEMBACA
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Fiksi Sejarahown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...