Ch .57.uni&zgi

562 27 1
                                    

The Lengend of the blue sea

အပိုင်း(57) မီးချီလင်နှင့်ရီနာနာ .... ရီနာနာနှင့်ပျံသန်းမျိုးနွယ်စု

အမှန်အတိုင်းပြောရရင် သူမက လူကြားထဲမှာ ချမ်းသာတယ်လို့ပြောလို့ရတယ်

သူမပိုင်တဲ့ပစ္စည်းတခုထဲကတင် တိုင်းပြည်တခုကိုအသာလေးဝယ်လို့ရတယ်

သူမ လက်တချက်ဝေ့ရမ်းလိုက်တာနဲ့တင် ပစ္စည်းပေါင်းများစွာက တောင်တန်းကြီးတခုအလား ကျလာပြီး အားလုံးကိုမြုတ်ပစ်လိုက်တယ်

လူအားလုံး ။  ။ "..........."

မီးနဂါးယောင်ဆောင်ထားတဲ့ဘာကောင်မှန်းမသိရသေးတဲ့အကောင်။ ။ ".............."

တိုင်တန်။ ။ "............. "

‌မေမေက ကြွားနေတာမဟုတ်ဘူးလား

အားလုံးကိုဖို့သတ်ဖို့များလုပ်ထားတာလား

သူမက လူဆိုတာသေချာလား

ဘာလို့နဂါးတွေလိုစုဆောင်းရတာကို သဘောကျနေတာလဲ

လူအားလုံး ပစ္စည်းတွေကြားထဲနစ်မြုတ်နေကြသည့်တိုင် ရီနာနာရဲ့နောက်က မီးချီလင်ဆီကိုအကြည့်မရွေ့ပဲ မနေနိုင်ဘူး

အရှက်ကွဲသွားရှာတဲ့မီးချီလင်ကလဲ နဂါးတွေသာ ရတနာတွေစုဆောင်းတတ်ကာမက်မောတာဖြစ်ကြောင်းနဲ့ သူမကတော့ ချီလင်တကောင်သာဖြစ်လို့ အဲ့ဒီရတနာတွေကိုဘာလို့သိမ်းထားရမှာလဲဆိုတာ ရှင်းပြချင်နေပေမဲ့ သူကိုယ်တိုင်လဲ အဲ့ဒီတောင်တန်းတွေကြားနစ်မြုတ်နေတာမို့  ကူကယ်ရာမဲ့နေလေတယ်

အပြင်းအထန်တိုက်ခဲ့တဲ့အမှတ်အသားတွေသာမရှိရင်

ဒီနေရာဟာ ပကတိငြိမ်းချမ်းနေတယ်လို့ပဲထင်ရလိမ့်မယ်

အတန်ကြာမှာ မှင်သက်‌မူ့ကြားထဲ နစ်မြုတ်နေကြတဲ့လူတစ်စုဟာ အသိပြန်ဝင်လာကြတော့တယ်

ဒီလောက်များပြားတဲ့ပစ္စည်းတွေကိုငြင်းပစ်လိုက်ချင်ပေမဲ့ သူတို့လိုအပ်နေတဲ့ပစ္စည်းတွေရှိရင်နေဘယ်လိုလုပ်မလဲ

ကြည့်မရပေမဲ့ သူတို့ဆြံ့အရလောက်အောင်များပြားနေတာကလဲ
ငြင်းမရတဲ့အမှန်တရားပဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOù les histoires vivent. Découvrez maintenant