The Lengend of the blue seaအပိုင်း(82) ရိရန်၏ကြွေလွင့်မူ့
ရိရန်က သူမနားကို စကားပြောဖို့ခနခနချဉ်းကပ်ခဲ့ပေမဲ့ သူ့အကြံကိုသိတဲ့အချစ်နတ်ဘုရားမက အမြဲဖယ်ထုတ်နိုင်ခဲ့တယ်
လေးရက်မြောက်ေန့မှာရိရန်လဲသူမကိုရှုံးသွားပြီး အဲ့ရှုံးနိမ့်မူ့က ကောင်းကင်စစ်သည်တွေကိုတပ်လှန့်လိုက်ပုံရတယ် ကောင်းကင်စစ်သည်ေတွပေါ်လာပြီး သူမနဲ့ဆက်တိုက်ခိုက်ခဲ့တယ်
အခု ရိရန်က သူမကိုပြုံးကြည့်နေပေမဲ့ သူ့လက်ကတော့ သူ့ဗိုက်ကိုကိုင်ထားတယ် ရိနာနာထိတ်လန့်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ တိုင်တန်ခရင်းခွက သူ့ကိုယ်ထဲကိုတဆုံးထိုးစိုက်နေလေတယ်
ကောင်းကင်စစ်သည်တွေအားလုံးဟာလဲ နတ်သက်ကြွေသူတွေကကြွေ ဒဏ်ရာရသူတွေကရနဲ့
တစ်ယောက်မှအကောင်းရှိမနေဘူး
သူမ အခုမှ အသိလွတ်သွားပေမဲ့ သူမနဲ့ပတ်သတ်တဲ့သူတွေကို ဘယ်တော့မှ မထိခိုက်စေချင်ခဲ့ဘူး
အခု နောက်တယောက်ကို သူမထပ်ထိခိုက်မိစေပြန်ပြီ
"ရိရန် "
"နာနာ လက်လွတ်လိုက်ပါတော့ မင်းရဲ့အမုန်းေတွက ဘုံသုံးခုကို ဗရမ်းဗတာဖြစ်စေတယ် "
"အဲ့ဒါမပြောသေးပါနဲ့ဦး အရမ်းနာနေလားဟင် ကျွန်မရူးနေလို့ ရှင့်ကိုထိခိုက်မိတာဖြစ်ရမယ် "
သူမ မျက်ရည်တွေကျပြီး တအိအိလဲပြိုလာတဲ့ ရိရန်ရဲ့ကိုယ်ကို မနိုင်မနင်းပွေ့လိုက်တယ် ဒါပေမဲ့ သူမလဲအားမရှိတော့မြေပြင်ပေါ်မှာလဲပြိုသွားခဲ့တယ်
"ရိရန် ရိရန် ကျွန်မကိုကြည့်ပါဦး ကျွန်မမော့ကျန်းဟိုကိုဆုံးရှုံးလိုက်ရပြီးသား အခု ရှင်ကိုပါထပ်ပြီးဆုံးရှုံးလိုက်ရမယ်ဆိုရင် ကျွန်မသေသွားမှာပဲ"
သွေးအိုင်ထဲမှာလဲနေတဲ့ ရိရန်က သူမကိုအတတ်နိုင်ဆုံးပြုံးပြပေမဲ့ သူကိုယ်သူမထိန်းနိုင်စွာသွေးတပွက်အန်မိတယ်
"နာနာ မင်းမှာ နှလုံးသားမရှိလို့ မချစ်တတ်တာမဟုတ်ပါဘူး မင်းရဲ့နှလုံးသားမသေဆုံးသရွေ့ တလောကလုံးတင်မက မင်းကိုယ်မင်း
ချစ်တတ်ဖို့ ဒါမှမဟုတ် မင်းတန်ဖိုးထားတဲ့သူတွေကိုချစ်နိုင်ပြီးသားပါပဲ
သေချာတွေးကြည့်ပါဦး အဲ့ဒီနှလုံးသားက ဘယ်နားရောက်ရောက် ဘယ်လောက်ပဲစတေးခံလိုက်ရပါစေ မင်းအပိုင်ဖြစ်နေဆဲပါပဲ နာနာ ထပ်ပြီးရေစုန်မမျောလိုက်ပါနဲ့ ထပ်ပြီး မင်းကိုယ်မင်း မစွန့်လွတ်လိုက်ပါနဲ့ ထပ်ပြီး မင်းကိုယ်မင်းရော သုံးလောကလုံးကိုရော မဖျက်ဆီးလိုက်ပါနဲ့နော် "
![](https://img.wattpad.com/cover/272329755-288-k167884.jpg)
YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...