The Lengend of the blue seaအပိုင်း(79) သူမဘာလို့ဒီလမ်းကိုရွေးခဲ့မိတာလဲ?(1)
သူမခံစားချက်တွေပြန်ရသွားပြီလား
ဘာဖြစ်နေကြတာလဲ သူမ ဘာအမှားလုပ်မိလို့လဲ သူမဘာကြောင့်ငိုနေရတာလဲ
သူတို့နေတိုင်း လာကြည့်ပေမဲ့လဲ မျက်စိရှေ့တင် ဖြစ်ပျက်သွားတဲ့ကိစ္စကြီးကိုတော့ အရိပ်အခြေတောင်မသိလိုက်ရပါဘူး
ဝိုလျန်းက လီယူရီရဲ့လက်ကိုစိုးရိမ်တကြီးဆွဲကိုင်ထားပြီး လီယူရီရဲ့မျက်နှာထားကတော့ ရေခဲလိုအေးစက်နေခဲ့တယ်
တကယ်တမ်းဘာဖြစ်ခဲ့လဲဆိုတာနဲ့ ဘယ်သူမှမသိခဲ့ကြဘူးဆိုတာသေချာပါတယ်
"သမီးလေး ဒီလောက်ဝမ်းနည်းပြီး သည်းသည်းထန်ထန်ငိုတာကို အခုမှတွေ့ဖူးတာပဲ ကိုရယ် သမီးလေးမှာဘာတွေဖြစ်နေတာလဲမသိဘူး "
ိ
"ကိုယ်တို့စောင့်ကြည့်ကြပါဦးစို့ တခုခုဆို သမီးလေးကိုကာကွယ်ဖို့ရှေ့ထွက်ကြရမယ် ""ဟုတ်တယ် သမီးလေး မှားမှား မှန်မှန် ကာကွယ်ပေးရမယ် ငိုနေလို့မဖြစ်ဘူး"
ဝိုလျန်းက လီယူရီနဲ့အတူ အရှေ့ကိုဆက်ကာကြည့်နေလိုက်တယ်
လီရီရီကတော့ မျက်ရည်အရွဲသားနဲ့ ဒေါကန်နေတဲ့ပုံပဲ
"ဘာလို့ဒီလိုလုပ်ရက်ရတာလဲ ဘာလို့ဒီလိုရက်စက်ရတာလဲ နည်းလမ်းတွေအများကြီးထဲကမှ ဒီနည်းလမ်းကိုရွေးရလား "
"အားလုံးကိုယ့်အပြစ်လို့ပဲသဘောထားလိုက်ပါ မင်းကိုယ့်ကိုဘာလုပ်ချင်ချင်ရတယ် ဒါပေမဲ့ မင်းအခုထွက်ပြေးဖို့လိုတယ် ရီရီ ကိုယ့်စကားကိုနားထောင်ပါနော်"
"မဟုတ်ဘူး ရှင်နဲ့အရင်ရှင်းမယ် ကျွန်အကြားခဲ့တာအားလုံးအမှန်တွေလား ရှင်ကျွန်မဆီကပ်လာခဲ့တာ အဲ့ဒါကြောင့်လား ပြော ကျွန်မကိုပြော "
"အစကတော့ ဟုတ်တယ် နောက်တော့ကိုယ်မင်းကိုတကယ်ချစ်သွားခဲ့တာပါ ကိုယ့်ကိုယုံပါနော်"
"ဒါဆိုရင် ကျွန်မကြားခဲ့တာတွေကဘာလဲ ပြော ကျွန်မကြားတာတွေအားလုံးကအမှားလို့ပြောလိုက် ယန်ကျင်းရှင်ပြောရင်ကျွန်မယုံပါမယ် အမှားတွေလို့ပြောလိုက်...... အားးးးးးး"
ESTÁS LEYENDO
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Ficción históricaown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...