အပိုင်း(23)

1.1K 60 5
                                    

The legend of the blue sea

အပိုင်း(23) သူနှင့်လမ်းတဝက်

အရင်ကစည်ကားနေတဲ့မြို့ငယ်လေးတွေဟာ အခုတော့ သုသာန်တစပြင်အတိုင်းပဲ

ခြောက်သွေ့အက်ကွဲနေကာ မြို့ခံအနဲငယ်ကလွဲလို့အားလုံးဟာ ရွေ့ပြောင်းရေးတွေလုပ်ကုန်ကြပြီ

"ဒီလိုမြို့ငယ်တွေဘယ်လောက်များများရှိတာလဲ "

"ဆယ့်ငါးမြို့လောက်ပေါ့ ကြည့်ရတာတော့မြို့တော်တခုပဲစည်ကားတော့တာလားမသိဘူး"

သူမ မေ့ာကျန်းဟိုကိုရှင်းပြပြီးရှေ့ဆက်သွားလိုက်တယ်

အဲ့လိုနဲ့ သူမတို့အနားယူလိုက် သူနဲ့အိပ်ရာထဲလူးလှိမ့်လိုက် မြို့ပျက်တွေကိုဖြတ်သွားလိုက်နဲ့ အချိန်ကုန်လာကြတာ သုံးလရှိခဲ့ပြီ

"မြို့တော်ရောက်ပြီ"

"ဒီမှာတော့လူတွေများတယ်နော်"

"အင်း"

သူမကအပြာရောင်ခေါင်းအထိလုံတဲ့ဝတ်ရုံရှည်ကိုဝတ်ထားပြီး သူကလဲထိုနည်းလည်း‌ကောင်းပဲ

ပင်လယ်နဲ့တော်တော်ဝေးတဲ့နေရာမှာ မြို့တော်အသစ်တည်ထားပြီး ကြက်ပျံမကျစည်ကားလွန်းလှတယ်

"ကြည့်ရတာ သူ့့အစီအစဉ်တွေအလုပ်မဖြစ်တော့တဲ့ပုံပဲ "

ရီနာနာ မခို့တရို့ပြုံးတယ်

ရေဘုရင်ကတော့ သိလိုက်တယ် တယောက်ယောက်တော့ဒုက္ခရောက်တော့မယ်ဆိုတာကိုပေါ့

သူမလေးရဲ့နောက်ကြောင်း အတိတ်ကြောင်း သူစိတ်မဝင်စားပါဘူး

သူမလေးရဲ့အတိတ်မှာ ဘယ်လိုဖြစ်ခဲ့ပါစေ သူတကယ်ကိုဂရုမစိုက်ဘူး

မျက်ကန်းအချစ်လို့ပြောလဲရပါတယ်

သူမလေးသာကျေနပ်မယ်ဆို သူအကန်းဟန်ဆောင်နေရပါစေဦး ကျေနပ်တယ်

သူတို့လူကြားထဲတိုးဝင်လာကြတယ်

လူအရမ်းရှုပ်လာလေ သူမလေးရဲ့အပြုံးကပိုပီပြင်လာလေ

သူမလေးရဲ့အပြုံးပိုပီပြင်လာတာနဲ့ သူကျောချမ်းလာရတယ်

သူ့တဘဝလုံး အပူဆိုလို့ သူမအပေါ်ချစ်တဲ့အပူပဲရှိတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalTahanan ng mga kuwento. Tumuklas ngayon