18.zgi

214 10 1
                                    

The Lengends of the blue sea

အပိုင်း(18)  အေးအတူပူအမျှတို့ဘဝ

ရီနာနာရှိသမျှအားနဲ့ရေဘုရင်နားတိုးကပ်သွားလိုက်တယ်

"မော့ရှန်းဟို ...."

ဒါပထမဆုံး သူ့နာမည်ကိုသူမခေါ်တာပဲ

ပြီးတော့ အရမ်းနီးကပ်နေတာကော ပထမဆုံးပဲ

ရီနာနာက သူမရဲ့ကိုယ်နဲ့ရေဘုရင်ကိုကွယ်ထားလိုက်တယ်

"နောက်ထပ်လာခဲ့"

"ခေါင်းမာပေမဲ့ နောက်ဆုံးတော့မင်းသေရမှာပဲရေဘုရင်မ"

"ငါမကြောက်ဘူး"

ချစ်ရတဲ့သူက သစ္စာဖောက်ခဲ့ပြီးနောက် လောကမှာ သူမကြောက်တာဘာမှမရှိတော့ဘူး

ဘယ်သူကသူမကိုခြောက်လှန့်နိုင်မှာတဲ့လဲ

ဒိလိုမိုးကြိုးလေးကလား

မဖြစ်နိုင်လိုက်တာ

"ဟွန်း အထင်ကြီးတဲ့မိန်းမ "

ရိရန်က အထင်သေးစွာရှုံ့ချလိုက်ပြီးနောက် သူ့ရဲ့ယပ်တောင်ကိုခပ်ကာ နောက်ထပ်မိုးကြိုးကိုထပ်မံဆင့်ခေါ်လိုက်တယ်

‌ကြီးမားနက်ရှိုင်းလှတဲ့ရေထုကြီးကိုဖြတ်သန်းလာရလို့ မိုးကြိုးရဲ့အစွမ်းလျှော့နည်းသွားမယ်လို့ထင်သလား

ဒါဆိုရင်တော့ကျွမ်းသွားတြဲအထိအကင်ခံရပြီသာမှတ်

ရိရန်တွေးနေဆဲ

ရီနာနာရဲ့ကျောပေါ်ကို မိုးကြိုးထပ်မံကျဆင်းသွားတယ်

"ဂျိန်းးး ဂျလိန်းးးးးး"

"အားးးးးးးး"

ရီနာနာတစ်ယောက်ထပ်မံလွင့်ထွက်သွားပြန်တယ်

မျက်ဖြူလှန်သွားပြီး နာကျင်မူ့ကြောင့်သတိလစ်လုနီးပါးပဲ

သူမရေဘုရင်ဘက်ကိုလှည့်ကြည့်လိုက်တော့ ကိုယ်တော်ချောက သူမကိုစိုးရိမ်ပြီးလှမ်းကြည့်နေတယ်

သူမသွေးတွေကိုပြန်မျိုချလိုက်တယ်

ကျန်တာဘာညာကြောင့်မဟုတ်ဘူး

သူမရဲ့မျက်နှာကသရဲတစ်ကောင်လိုဖွေးဆုတ်နေပြီမို့

ပြီးတော့သူမထက်အခြေအနေဆိုးတဲ့ရေဘုရင်ရဲ့မျက်လုံးတွေထဲက အစစ်အမှန်စိုးရိမ်မူ့တွေကိုမြင်လိုက်ရလို့

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now