🌿The legend of the blue sea
အပိုင်း(33) အရမ်းလှတဲ့ရေဘုရင်က ပေ့ထန်ကိုစကားနှိုက်ကာတောင်းဆို
"နတ်စစ်သူကြီးလက်ထဲ နာ့နာကိုအပ်ပါတယ် ညီမလေးတစ်ယောက်လိုစောင့်ရှောက်ပေးပါဦး "
နူးညံ့ချိုသာစွာ ပြောလာတဲ့ရေဘုရင်ရဲ့စကားထဲက အဓိပ္ပာယ်ကို သဘောပေါက်တဲ့လျိုချင်းက အသာရယ်တယ်
"ကျွန်တော်မျိုးလုပ်သင့်တာပါ ရေဘုရင် အရမ်းမစိုးရိမ်ပါနဲ့ ဒါပေမဲ့...... စောနထဲက ချဉ်စူးနေတဲ့အနံ့ထွက်နေတာ ရေဘုရင်နားကကို အခုမှပဲသိတယ် "
"..........."
ရေဘုရင်ခမျာ သူ့ရဲ့သဝန်တိုမူ့ကို ဗြောင်ဖွင့်ထုတ်ခံလိုက်ရလို့ မျက်နှာတို့နီရဲသွားခဲ့တယ်
"အဟမ်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော်တောင်းဆိုထားတာမမေ့ပါနဲ့ "
"ကောင်းပါပြီ"
သူတို့အခန်းကပြန်လည်ငြိမ်သက်သွားခဲ့တယ်
နာနာလဲ ထွက်သွားပြီမို့ ရေဘုရင်မှာ နဂိုတည်ငြိမ်အေးဆေးပြီးနူးညံ့တဲ့အသွင်ကပြန်ပေါ်လာလေရဲ့
နတ်သူငယ်ပုံစံလေးနဲ့ဆိုတော့အရမ်းကို လှပလို့နေရော
ရေဘုရင်က ယောကျာ်းလေးတစ်ယောက်ဖြစ်တာကြောင့် အနေအထိုင်သိပ်မသေသပ်ခဲ့
အခုလဲ ခြေတဖက်ကထောင်ထားပြီး တဖက်က ဆင်းထားတာကြောင့် သူ့ရဲ့ကောက်ကြောင်းကိုအတော်လေးပေါ်လွင်နေစေတယ်
အဲ့မြင်ကွင်းက ပေ့ထန်အခန်းထဲဝင်လာတဲ့အခါ တန်းတိုးတော့တာပဲ
"ဝမ်ဝမ် "
အနူးညံ့ဆုံးလေသံနဲ့ခေါ်လိုက်ပေမဲ့ ရေဘုရင်နားထဲမှာတော့ သေမင်းခေါ်သံလိုပဲ ထိတ်လန့်သွားခဲ့တယ်
သူခပ်မြန်မြန်ပဲ မျက်ဝန်းပြာတို့ကိုအောက်စိုက်ထားလိုက်တယ်
မဟုတ်ရင် သူ့မျက်ဝန်းထဲက လူသတ်လိုတဲ့အငွေ့အသက်တွေကို ပေ့ထန်မြင်သွားလိမ့်မယ်
အဲ့ဒီအခါ နာနာတို့ရဲ့စောင့်နေရတဲ့အချိန်တွေအလကားဖြစ်ကုန်မှာ
သူထိခိုက်တာဘာမှမဖြစ်ဘူး
နာနာတို့အချိန်တွေအလကားဖြစ်စေလို့မဖြစ်ဘူး

YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...