The Lengend of the blue seaအပိုင်း(83) ဝံပုလွေနီ စီမာချင်းဖန်း🚨🚨🚨
မိန်းမသားတစ်ယောက်နဲ့စစ်ပွဲမှာတိုက်ခိုက်ရည်ဝနေတဲ့ကြမ်းကြမ်းတမ်းတမ်းစစ်သားများ
ရလာဒ်ကတော့ ခန့်မှန်းဖို့လွယ်ပါတယ်
ရီနာနာရှုံးသွားတာပဲပေါ့
သူမရှုံးနိမ့်သွားပြီးကောင်းကင်ထက်ကနေ သေလုနီးပါးအခြေအနေနဲ့ပြုတ်ကျသွားတာ အရိုးအသားတောင်ရှာမရနိုင်ဘူးလို့ပြောကြတယ်
အဲ့နောက်ပိုင်း ရီနာနာပျောက်ကွယ်သွားပြီး သုံးလောကလဲ တဖန်ငြိမ်းချမ်းသွားခဲ့တယ်
ရီနာနာတကယ်ပျောက်ကွယ်သွားလား သေသွားပြီလားဆိုတာကတော့ တကယ့်ရီနာနာကိုယ်တိုင်သာသိမှာပါပဲ
.,.........
"ပါးပါး.....လိုက်ဖမ်းပါ .....ပါးပါးရေ ဟားဟားးဟားး.... မိလဲမိဘူး ဗြဲဟဲဟဲ"
"ဖြေးဖြေးပြေးလေ ကျားကျား သမီးချော်လဲလိမ့်မယ် "
"မရတာ မရတာ မေမေနားကိုအမြန်ဆုံးရောက်တဲ့သူက မေမေ့ဘေးနားဒီညအဖော်လုပ်အိပ်ကြေးနော်"
"ဟေးးး အကျင့်ပုတ်လေး ဘယ်သူနဲ့တူလို့လဲဟမ် "
"ပါးပါးနဲ့တူတာ "
"ဘာလို့မားမားနဲ့တူတယ်လို့မပြောရတာလဲ "
"မားမားကနတ်သမီးလေ အကျင့်ပုတ်စရာလား "
ဝံပုလွေနီတဖြစ်လဲ စီမာချင်းဖန်းက သူ့သမီးစကားကြောင့် ပါးစပ်ဟောင်းလောင်းပွင့်သွားတယ်
နောက်တော့ မနေနိုင်စွာ ခေါင်းရမ်းမိတာပါပဲ
သူ့မေမေကိုအရမ်းချစ်တဲ့ကလေးမလေးနဲ့ပြိုင်ရင် သူကအမြဲရှုံးနေတော့တာ
ထားလိုက်ပါတော့ ဒီကလေးမလေးနဲ့ယှဉ်ရင် သူကပဲအမြဲအလျော့ပေးလက်စနဲ့ အလျော့ပေးထားလိုက်ပါမယ်
မေပယ်ပင်တွေမေပယ်ရွက်တွေအပြည့်ရှိနေတဲ့မေပယ်ခြံဝင်းထဲကိုသားအဖနှစ်ယောက်လျောက်ဝင်သွားခဲ့ကြပြီး ခပ်ဖြေးဖြေးချင်းတံခါးကိုဖွင့်လိုက်ကြတယ်
ŞİMDİ OKUDUĞUN
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Tarihi Kurguown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...