Part 4

82.5K 3.8K 121
                                    

Uni...

Mafiaရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia) အပိုင်း ၄

မီးရောင်စုံတွေ ဝတ်ကောင်းစားလှတွေ မုန့်မျိုးစုံတွေနဲ့ သီချင်းတွေဖွင့်ကာ ကျင်းပနေသည့်
နိုင်ငံရေးအသိုင်းအဝိုင်းမိသားစုတွေနဲ့ ချမ်းသာတဲ့လူတစ်စုရဲ့ party ပွဲတစ်ခု.....

" မေမေ သားပျင်းတယ်"ကလေးလေးတစ်ယောက် လူကြီးတွေ စကားပြောနေတဲ့ကြားမှာပျင်းနေသည်။

" သားကလည်း တိတ်တိတ်နေ လူကြီးတွေ စကားပြောနေတယ်လေ"

" ဟွန့် " ဆိုကာ မျက်နှာဆူပုတ်သွားသူက ၇နှစ်သားလေး မိုးထက်မြင့်

.....

တစ်ဖက်မှာလည်း ဝန်ကြီးချုပ်ရဲ့ သားဖြစ်သူ ခေတ်မင်းသစ် ထိုအချိန်က ခေတ်ရဲ့ အဖေက ဝန်ကြီးချုပ်ဖြစ်နေသည်လေ ခေတ်ကတော့ ၁၀နှစ်သားအရွယ်ခန့်

" သားလေးက လူချောပဲ ကြီးလာရင်တော့ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတော့မှာပဲ"
ဆိုကာ တစ်ယောက်ပြီး တစ်ယောက် ခေတ်ကိုလာချီးမွန်းနေကြကာ ဖားနေသည်။
နောက်တော့ ခေတ်လည်းပျင်းလာတာကြောင့်
" ဖေဖေ သားဟိုဘက်ဒီဘက်တွေ လျှောက်သွားအုံးမယ် ပျင်းလို့"

" ဟုတ်ပြီ ဒီကိုကိုနဲ့သွား ပြီးရင်ဒီဘက်ပြန်လာခဲ့နော်" ဆိုကာ ဘော်ဒီဂတ် တစ်ယောက်နဲ့ ခေတ်ကို လွှတ်လိုက်လေသည်။

တစ်ဖက်က မိုးထက်ကလည်း
" မေမေ့ သားအိမ်သာသွားချင်တယ် "

" အေးအေး ဒီကိုကြီးနဲ့သွား
ကလေးကို toilet လိုက်ပို့ပေးလိုက်"

" ဟုတ် ဝန်ကြီးကတော်" ထိုအချိန်က မိုးထက်အဖေမှာ ဝန်ကြီးချုပ် မဖြစ်သေး ရိုးရိုးဝန်ကြီးအဆင့်သာ...

မိုးထက် toilet ထဲဝင်နေတုန်း သူ့ကိုစောင့်ပေးနေတဲ့လူကပါ ဗိုက်နာလာတာကြောင့် အိမ်သာဝင်တက်လိုက်သည်။ မိုးထက်ထွက်လာတော့ လူကိုမတွေ့တော့တာကြောင့် တစ်ယောက်ထဲ ထွက်လာပြီး ပွဲဆီပြန်မသွားဘဲ ဟိုသွားဒီသွား သွားကာ လျောက်ပတ်ကြည့်နေသည်။ ခဏက
သူ့ဘော်ဒီဂတ်ကလည်း ေနာက်တော့သူ့ကိုပြန်လိုက်ရှာနေပြီ
" သခင်လေး သခင်လေး
ဘယ်ရောက်နေတာလဲ ကျွန်တော်ခေါ်တာကြားလား"

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Donde viven las historias. Descúbrelo ahora