Uni...
Season 2 (Part 4)
" တကယ်ကြီးလား ကိုခေတ် အဲဒါဆို နေမခက David နဲ့ပဲအတူတူနေ နေရတော့မှာပေါ့"
သူ့အား အလန့်တကြားပြောလာသည် မိုးထက်အား...ခေတ်သူ့ ပေါင်ပေါ် ဆွဲယူကာ ထိုင်စေလိုက်သည်။
" baby ကကိုယ့်အိမ်သူသက်ထားလေးမို့ ကိုယ်ကပြောပြတာနော်။
အချင်းချင်းကြားမှာ မဖုံးကွယ်ထားချင်လို့...ဒါပေမဲ့ baby က ဘယ်သူ့ကိုမှ ပြန်မပြောရဘူး...ကာရံဟိန်း ကိုရောပဲ "" အဲဒါဆို ဟိန်းက စိတ်ပူနေမှာပေါ့ မပြောရင်"
" အဲဒါ David ကြည့်လုပ်ပါလိမ့်မယ်။ baby ကအသာလေး အရိပ်အခြေကြည့်နေDavid ကခေါ်ထားပါမယ်ဆိုရင်... ဘယ်သူမှ သူကိုသွားတားလို့မရဘူး"
" ကိုခေတ်ကရော..."
" ကိုယ်နဲ့မှ မဆိုင်တာကွာ အဲဒါသူ့အချစ်ရေးကိစ္စလေ... "
မိုးထက် မျက်နှာလေး ရှုံ့ပြလိုက်ကာ
" ဟွန့် မာဖီးယား တွေကလည်း ချစ်ပြလိုက်ရင်
အကုန်ကြမ်းကြမ်းတမ်းတမ်းတွေကြီးပဲ။
တစ်ဖက်လူက နှလုံးရောဂါရှိရင် သေလောက်တယ်။ David နဲ့ နေမခ ဘယ်လို နှစ်ပါးသွားမလဲ သိချင်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်း အဆင်ပြေမပြေ ဖုန်းလေးတော့ ပေးပြောရမှာနော် "" ok ပြောခွင့်ပေးပါ့မယ်။ ပြဿနာတွေနည်းနည်းရှင်းပြီးရင်ပေါ့...ပြီးတော့ ဒီနေ့ညတော့ ဆေးရုံမသွားနဲ့တော့နော် မနက်ဖြန်မနက်မှ သွားတော့"
" မရဘူးသွားမှာပဲ ကျွန်တော့်သူငယ်ချင်း ဆေးရုံတက်နေရတဲ့ဟာ...ကိုခေတ်မလိုက်ချင်နေ"
ခေတ် မိုးထက် လည်တိုင်လေးထက်မျက်နှာ အပ်လိုက်ကာ
" သူက ကောင်းနေပါပြီကွာ။ အဲ့လောက်ဆိုးဆိုးရွားရွားထိခိုက်တာလဲ မဟုတ်ဘူး။ မသွားနဲ့တော့ မေန့ညကလည်း ကောင်းကောင်း မအိပ်ထားရဘူးလေ...
ဒီညတော့ ကိုယ်နဲ့အတူတူ အိပ်ရေးဝဝအိပ် ရမယ်.. "နောက်ဆုံးမှာတော့ မိုးထက် သူငယ်ချင်းအစား
သူ၏ ခင်ပွန်း ကိုပဲ ရွေးလိုက်ပါသည်။ ကြမ်းကြမ်းတမ်းတမ်း အကြင်နာတွေ ပေးတဲ့ မာဖီးယားကြီးကို သူမှ မလွန်ဆန်နိုင်ပဲ။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ