Season 2(Part 30)❤️🖤❤️

18.1K 1.4K 93
                                    

Uni,

Season 2(Part 30)

David လူတစ်ချို့နဲ့အစည်းအဝေး လုပ်နေသည့် နေရာသို့Venဝင်လာကာ David နားကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။

" David…ကာရံဟိန်း သွေးတေွအန်လို့ ဆေးရုံပို့လိုက်ရတယ်ပြောပါတယ် နေမခလည်းဆေးရုံလိုက်သွားတယ်"

David ၏မျက်ခုံးတနွးတွေတွန့်ကွေးသွားကာ
" ဘာ…သွေးအန်တယ် အဆိပ်ကဖြေပေးပြီးပြီမလား"

" အခြေအနေကိုသေချာမသိရသေးပါဘူး…"

" ဒီကကိစ္စတွေထားလိုက်တော့ အခုအဲကိုသွားမယ်"
ဟုပြောရင်း David တို့လည်း ဆေးရုံကိုထွက်လာကြသည်။

နေ့လည်တုန်းကရာသီဥတုသာယာနေသလောက် ညနေစောင်းတော့ ကောင်းကင်ထက်တွင် မိုးမှောင်ကျကာအုံ့မှိုင်းလို့နေသည်။ ကားကရေဒီယိုတွင် မုန်တိုင်း၀င်ရောက်မည်ဖြစ်တာကြောင့် ဒီညနေဆိုက်ရောက်ရမည့် လေကြောင်းအစီအစဥ်များကိုဖျက်သိမ်းထားရပြီး
သ​​ေ င်္ဘာများလည်းမထွက်ရန်သတိပေးနေသည်။  

" ဒီနေ့ ည မုန်တိုင်းကြောင့် Kingတို့မရောက်ဖြစ်ဘူးလို့ အကြောင်းကြားထားပါတယ်"
ဟု Venကပြောလိုက်သည်။

" အင်း …သူတို့နေဖို့ထိုင်ဖို့ပြင်ဆင်ထားပြီးပြီမလား"

" အကုန်အဆင်သင့်ပါပဲ …"

" သူတို့ရောက်လာရင် မင်းအားလပ်ရက်ယူပြီး Nightနဲ့အချိန်တွေကုန်ဆုံးလို့ရတယ်"

Venစိတ်ထဲတွင်အလွန်ကြိတ်ပျော်သွားသော်လည်း အပြင်ကတော့ ပုံမှန်ရုပ်တည်လိုသာနေနေလိုက်သည်။

ထိုအချိန်ပဲ David တို့ထံ Carloသတင်းစုံစမ်းနေသူတွေဆီမှ phone call၀င်လာသည်။
" အင်း ပြောဘာထူးလည်း"

" Carlo…အသက်ရှင်နေသေးပါတယ်။ မှောင်ခိုစျေးကွက်တစ်ခုကနေ သေနတ်နဲ့ လူခန္ဓာကိုယ်မှာတပ်ဆင်တဲ့ အဝေးထိန်းremote နဲ့ဗုံးလည်း၀ယ်သွားပါတယ်…"

" အခုဘယ်မှာရှိနေလည်းမသိရသေးဘူးလား"

" မျက်ခြေပြတ်နေပါတယ် အချိန်နည်းနည်းလောက်ပေးရင် ရှာတွေ့နိုင်မှာပါ"

" fuck… "
David ဆဲရေးဆိုကာ ဖုန်းချလိုက်ပြီး
" အခုချက်ချင်း နေမခရှိတဲ့နေရာမြန်မြန်မောင်းစမ်း…"ဟုကားမောင်းနေသူအား တွန်းအားပေးလိုက်သည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Donde viven las historias. Descúbrelo ahora