Uni
Season 2 ( Part 11)
နေမခ..တစ်ယောက်ကုတင်ပေါ်တွင် မှောက်ရပ်လှဲကာ ဥပဒေနဲ့ပတ်သတ်
သည့် စာအုပ်အထူကြီးတစ်ခုကို စိတ်ဝင်တစားဖတ်နေသည်။ David သူ့နားရောက်လာသည်ကိုပင် သတိမထားမိ,.." အဲစာအုပ်တွေလောက်တောင် ကိုယ့်အပေါ်စိတ်ဝင်စားမှုမရှိဘူးပေါ့"
David နေမခ သူလာတာတမင်တကာမသိချင်ယောင်ဆောင်နေတယ်ထင်၍ ပြောလိုက်သည်။
ထိုအခါမှနေမခ David အားမော့ကြည့်လိုက်ပြီး
"ဘာတွေလာပြောနေတာလဲ …မနှောင့်ယှက်နဲ့ဗျာ ဝေးဝေးသွား"
နေမခ ပြောတဲ့အတိုင်းပင် တစ်ဝေမတိမ်းလိုက်နာရန် David ကုတင်ပေါ်တက်လာတာကြောင့်
" ဘာလဲဗျာ ဘာလို့တက်လာတာလဲ…"" မင်းကိုဖက်ထားချင်လို့ "
David မျက်နှာ သိပ်မကောင်းတာကြောင့်
နေမခ ဘုကလန့်မပြောတော့ပဲ"ဘာဖြစ်နေတာလဲ"ဟုမေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး…"
နေမခ မကြည်သလိုကြည့်လိုက်ရင်း စဥ်းစားလိုက်သည် ဟွန့် ဘာမှမဖြစ်တဲ့ ရုပ်ကလည်း…
"ပြောတော့ ကိုယ့်ရဲ့လျို့ဝှက်ချက်တွေ လည်းမင်းကိုပြောပြနိုင်ပါတယ်။ ဘာညာပြောထားပြီးတော့""ခကသိချင်လို့လား…"
"ပျင်းတယ်…အဲ့တော့အပျင်းပြေနားထောင်ပေးမယ်လေ,.."
David အိပ်ယာပေါ်လှဲလိုက်ကာ နေမခခေါင်းကိုလည်း သူ့လက်မောင်းပေါ်တင်စေပြီး ပုခုံးကိုကိုင်ကာဖက်ထားလိုက်သည်။
" ခ အမေနဲ့အဆင်ပြေသွားပြီလား"
"ဟင်..ဘယ်လိုဖြစ်လို့ ကျွန်တော့်ကိုပြန်မေးနေရတာတုန်း"
" ကိုယ်သိချင်လို့ ဘယ်လိုပြန်အဆင်ပြေသွားလည်းဆိုတာ…"
"ဒီတိုင်းပဲပေါ့ မိဘနဲ့ သားသမီးပါဆို … အချိန်တန်ရင်ပြန်အဆင်ပြေသွားတာပဲလေ။ သွေးသားသံယောဇဥ်ရှိတယ်မလားပြီးတော့ တစ်ယောက်ခံစားချက် တစ်ယောက်နားလည်ပေးနိုင်သွားလို့…ဒါတွေ ဘာလို့မေးနေတာလဲ"
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ