Uni...
ဒီအခန်းအတွက်recommended ပေးချင်တဲ့songလေးတွေရှိပါတယ်။
Angle Baby နဲ့ Only love can hurt like this💙My Lovely Mafia Season 2(ဇာတ်သိမ်းပိုင်း 1)
David ဆီဝင်လာသည့်ဖုန်းအား ကိုင်လိုက်တော့ Carloဖြစ်နေသည်။
" Hello Sivan... "
" Carlo..."
" ငါမသေသေးဘူး ငရဲပြည်က မင်းကိုပါခေါ်ခဲ့ဖို့ပြောလိုက်လို့လေ"
Carloကခနဲ့တဲ့တဲ့ရယ်ရင်းပြောသည်။" ဟုတ်လား အဲဒါဆိုငါနဲ့တွေ့သင့်တာပေါ့"
David ေနမခအတွက်စိုးရိမ်နေမှုကိုဖုံးကွယ်ရင်း တည်ငြိမ်စွာပြောလိုက်သည်။" တည်ငြိမ်လှချည်လား ဒါမှမဟုတ်တည်ငြိမ်ချင်ယောင်ဆောင်နေတာလား။
ထားပါလေ လူကငါ့လက်ထဲရောက်နေပြီပဲဟာ... မင်းမြန်မြန်လေးငါ့ဆီလာခဲ့ နေရာကတော့ မင်းသိနှင့်ပြီထင်ပါတယ်။ မင်းရဲ့သတို့သားလောင်း လေးကိုငါအကောင်းဆုံး၀တ်ဆုံလေး၀တ်ထားပေးပြီးစောင့်နေမယ်။မီတာ၅၀၀ အကွာအေဝးကနေပြီး လမ်းလျှောက်လာခဲ့ ဘယ်ကားမှ၀င်လာတာမလိုချင်ဘူး။ ငါစောင့်ကြည့်နေမှာနော် ပြောတဲ့အတိုင်းမဟုတ်လို့ကတော့ မင်းသူ့အသားစတွေပဲပြန်ကောက်သိမ်းသွားရမယ်မှတ် "
Carlo ထိုမျှပြောပြီး ဖုန်းချသွားလေသည်။" David သူပြောတဲ့အတိုင်းပဲလုပ်မှာလား..."
" မဟုတ်ရင်ရော... ခကသူ့လက်ထဲမှာ အရင်ဆုံးအမြန်သွားမယ်သူသတ်မှတ်ထားတဲ့နေရာကနေစပြီး မင်းနဲ့ငါပဲဆက်၀င်သွားမယ်...ကျန်တဲ့သူတွေကိုစောင့်ခိုင်းထားလိုက်။ "
" David ဒါပေမဲ့ အရမ်းစွန့်စားလွန်းရာကျတယ်"
Ven တားလိုက်သည်။ သို့ပေမဲ့တားလည်းမရဘူးဆိုတာကြိုသိနေသည်။ နေမခနဲ့ပတ်သတ်နေလျှင် David ဘာကိစ္စဖြစ်ဖြစ်တွန့်ဆုတ်နေမှာမဟုတ်။" Ven ငါသိတယ်။ အခုကအများကြီးလျှောက်တွေးနေဖို့အချိန်မရှိဘူး။ တစ်ခုပဲသေချာမှတ်ထား ငါတစ်ခုခုဖြစ်ခဲ့ရင်တောင် နေမခ သူကျိန်းသေပေါက် အန္တရာယ်ကင်းရမယ် မင်းအဲတစ်ခုကိုခေါင်းထဲသေချာမှတ်ထားပေး ။ "
David တို့ထွက်လာတော့ ကာရံဟိန်းပါအသည်းအသန်ကပ်လိုက်ခဲ့လေသည်။ အချိန်လည်းသိပ်မရှိတာကြောင့် David ကာရံဟိန်းအားဂရုမစိုက်အား။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ