Uni,
Season 2 (Part 19)
စိမ်းစိမ်းစိုစို သစ်ပင်ပန်းပင်များနှင့် ကျယ်ဝန်းလှသော ခြံဝင်းကြီးထဲတွင်…David အပါအဝင် အခြားသူတို့၏ အဖွဲ့ဝင်ခေါင်းဆောင်များ စုရုံးနေကြသည်။စားပွဲအရှည်ကြီး၏ ထိပ်တွင် David ထိုင်နေပြီ… ကျန်လူများကလည်း သူ့နေရာသူအသီးသီးထိုင်နေကြရသည်…။
မလှမ်းမကမ်းမှာရှိသော လှပသည့် လူလုပ်အလှဆင်ထားသော ရေတံခွန် ရေကန်အသေးလေးမှလည်း ရေစီးကျသံတွေကြားနေရသည်….။
တစ်မနက်လုံး စုဝေးဆွေးနွေးနေကြပြီး နေ့လည်စာ စားချိန်ပင်ရောက်လာပြီမို့ ဝန်ထမ်းများက စားပွဲပေါ်တွင် စားစရာအစုံကို ခဏလေးအတွင်း အယောက်စေ့တိုင်းအတွက် စုံလင်စွာလာချပေးသွားသည်….။
David အား အဖွဲ့ဝင်တော်တော်များများက သဘောကျထောက်ခံကြသလို ကြောက်၍ဘာမှမပြောရဲသောသူများလည်းရှိသည်။ Angelo နဲ့ သူ၏ဘက်တော်သားအချို့ကတော့ David အားမသိမသာ ပုန်ကန်ပြနေသည်…။
David စားစရာတွေကိုလက်ဝှေ့ယမ်းပြရင်း
" အားလုံး ပြောစရာလေးတွေခဏဘေးထားပြီ သုံးဆောင်လိုက်ကြပါအုံး"ဟု အပြုံးမဆိုသာသောအပြုံးလေးဆင်မြန်ရင်း ပြောတော့Carlo ကခနဲ့ကာ မတိုးမကျယ် ရယ်လိုက်ရင်း
" ငါသာSivan ရဲ့နေရာမှာဆို အိမ်ကအဖေကိုသတိရပြီးစားဝင်မှာမဟုတ်ဘူး။ခေါင်းဆောင်ကျန်းမာရေး ဒီလောက်ဆိုးရွာနေတာကို ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ငန်းကိစ္စတွေ ဆွေးနွေး စားလိုက်သောက်လိုက်နဲ့ လာလုပ်နေနိုင်တာလဲ ဘယ်လိုပဲဆက်ခံသူဖြစ်ဖြစ်လေ"" Carlo စကားပြောတာ ကြည့်ပြော အခုSivanကတရားဝင် Bloodရဲ့ တရားဝင်ခေါင်းဆောင်မဟုတ်သေးပေမဲ့ မင်းအဲလိုဝေဖန်လို့ရမယ့်လူမဟုတ်ဘူး "
ဆိုကာ အဖွဲ့ဝင် တစ်ယောက်ကဝင်ပြောသည်။
Carloတို့ကိုမကြည်သည့် လူအချို့ကလည်း ဝင်ထောက်ခံကြ၍ အသံနည်းနည်းဆူလာသည်။David Sivanကတော့ ဘာမှဝင်မပြောေသးပဲ သူ့ပန်းကန်ထဲရှိ steak ကိုသာ ဝါးလို့ကောင်းမည့် အရွယ်တော်လေးတွေလှီးဖြတ်ပြီးမှ
" ငါ့အဖေ နေရာမှာ မင်းအဖေရောက်နေတဲ့အခါမှ ဒီလိုစကားထပ်ပြောလေ။ Angelo သေခါနီးဖြစ်နေတဲ့အခါကျ ကိုယ်ဖိရင်ဖိ မစားမသောက်ပဲပြုစုပေးနေလိုက်"
ဟုပြောပြီး အသားတစ်တုံးကို ပါးစပ်ထဲထည့်ကာ ငြင်သာစွာဝါးသည်။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ