Uni...
မာဖီးယား ရဲ့အကြင်နာကြမ်းကြမ်း(My lovely Mafia)အပိုင်း ၁၆
“ ကိုခေတ် ကျွန်တော်မြန်မာပြည်ပြန်မယ်” မိုးထက် ကားပေါ်တွင် စကားတစ်လုံးမှမပြောပေမဲ့ အိမ်ထဲရောက်တာနဲ့ ခေတ်အားစပြောလိုက်သည်။
“ ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ” ခေတ် လေသံမမာအောင် အတက်နိုင်ဆုံး ချုပ်တည်းပြီးပြောတော့
“ ကျွန်တော့်အဖေ နေမကောင်းဘူးလေ။ အဲဒါ
ကိုခေတ်လည်းသိတယ်မလား။ ဘာလို့ကျွန်တော့်ကိုဖုံးထားတာလဲ။ ဘာလို့အဲလိုအတ္တကြီးရတာလဲ။ အဲဒါကျွန်တော့်အဖေဗျ ။ကျွန်တော့်ရဲ့တစ်ဦးတည်းသော အဖေအရင်း ကိုခေတ် ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကျွန်တော် ရအောင်ပြန်မှာ”“ စမ်းကြည့်လိုက်လေ ကိုယ်ခွင့်မပြုပဲရမလားလို့“ခေတ် နှုတ်ခမ်းတစ်ဖက်တွန့်ရုံမျှပြုံးကာ ပြောရင်း ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်သည်။
“ ကိုခေတ် “ မိုးထက်ခဏက သည်းခံပြီး အသံကိုနှိမ့်ပြောနေပေမဲ့ ယခုအချိန်တွင်တော့ အသံကကျယ်လောင်စွာဟိန်းထွက်သွားသည်။ အိမ်ပြင်မှာ စောင့်နေကြသည့် bodyguardများ
ထိုအသံကြောင့် မျက်ခုံးပင့်ကုန်ကြသည်။ပြီးတော့ အချင်းချင်း မျက်လုံးအကြည့်ချင်းစုံလိုက်ကြကာ
(ငါတို့ boss တော့ မိန်းမအော်တာခံနေရပြီ) ဟု အကြည့်ဖြင့်စကားပြောလိုက်ကြသည်။“ ထက်ရဲ့ အဖေဘာမှမဖြစ်ဘူး။ ထက်ပြန်လာအောင်လို့ တမင်တကာ သတင်းလွှင့်တာ”
“ တကယ်ဆိုရင်ရော ကိုခေတ်အဲဒါအတွက် တာဝန်ယူနိုင်လား….” မိုးထက်
သိသည်။ ထိုပြဿနာသည် အချင်းချင်း စကားများရုံနဲ့မပြီး ခေတ်ခွင့်ပြုအောင် အတက်နိုင်ဆုံးဖျောင်းဖျရမှာဖြစ်တာကြောင့်
မိုးထက် သက်ပျင်းရှည်တစ်ချက်ချကာ ခေတ်အားမအော်တော့ပဲ လေသံအေးအေးဖြင့် ပြန်ပြောလေသည်။
“ ကိုခေတ် ကျွန်တော် ကိုခေတ်ကိုချစ်တယ်။ဒီအတောအတွင်း အကြိမ်ကြိမ် အခါခါ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပြီးပြီ။ ကျွန်တော့်တစ်ဘဝတစ်သက်လုံး ကိုခေတ်ကလွဲရင် တစ်ခြားဘယ်သူ့ကိုမှ ချစ်နိုင်မှာမဟုတ်တော့ဘူး။”
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ