Uni...
မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My Lovely Mafia)အပိုင်း ၂၈
“ ပိုး… .အခုပြောနေတာတကယ်မဟုတ်ဘူးမလား။ဒီတိုင်းစိတ်ဆိုးလို့ပြောတဲ့ စကားမလား။
ကိုယ်မယုံဘူး ပိုးပဲ ကိုယ့်ကိုအရမ်းချစ်တယ်ဆို ဘာလို့တစ်ခြားသူကိုလက်ထပ်မှာလဲ “
စက်ရိပ် တုန်ရီနေတဲ့ အသံတွေကို ထိန်းရင်းပြောလိုက်သည်။“ တော်ပြီ ငါတို့နှစ်ယောက်ဆက်ဆံရေးကို ဒီမှာတင်ရပ်ရအောင်
နင်ကလေးကလားနဲ့ ဆက်တွယ်ကပ်မနေနဲ့တော့ မိုးထက်မြင့်နဲ့ စေ့စပ်ပွဲဖျက်သိမ်းပြီးတော့ ငါတို့မိသားစုကို အထင်သေးသလိုကြည့်လာတဲ့ မျက်လုံးတွေ အများကြီးရင်ဆိုင်ရတယ်။ ဒီလိုအခြေအနေက ရုန်းထွက်ဖို့ဆို အသိုင်းအဝိုင်းကောင်းကောင်းက တစ်ယောက်နဲ့လက်ထပ်ဖို့ပဲရှိတယ်။
ငါ ငါ့မိဘတွေကို ထပ်ပြီးမျက်နှာ မပျက်စေချင်တော့ဘူး။ ငါနင့်ကို ချစ်ခဲ့ပါတယ်…ဒါပေမဲ့
ကြာလေကြာလေ နင့်ကိုအားကိုးလို့မရဘူးဆိုတာသိလာတယ်။
တောင်းပန်ပါတယ် ငါတို့နှစ်ယောက် လမ်းခွဲလိုက်တာ အဆင်အပြေဆုံးပဲ ငါ့ကိုထပ်ပြီး မဆက်သွယ်ပါနဲ့တော့။ နင့်ကိုအလိုလိုက်ပေးနိုင်မဲ့ လူတစ်ယောက်နဲ့တွေ့ပါစေလို့ ငါဆုတောင်းပေးပါတယ် “ ဟု ပြတ်သားစွာပြောပြီး ဖုန်းချသွားလေသည်။၄နှစ်… ၄နှစ်တာ ဆက်ဆံရေးတစ်ခုစကားလုံးအချို့နဲ့ အဆုံးသတ်သွားလေသည်။
စက်ရိပ် ကလေးဆန်စွာ ငိုချလိုက်တော့သည်…။
အချိန်အတော်ကြာ ငိုပြီးမှ လက်ဖမိုးနဲ့ မျက်ရည်တွေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သုတ်လိုက်ကာ
ကားသော့ယူပြီး Bar တစ်ခုထသွားမလို့လုပ်လိုက်သည်။“ အစ်ကိုလေး ဘယ်သွားမလို့လဲဗျ… King ကအခုရက်ပိုင်း ညဘက်တွေ အပြင်မထွက်ဖို့ပြောထားတယ်လေ “
“ ဖယ်စမ်းပါ ငါတစ်ယောက်ထဲ အေးဆေးနေပါရစေ အဲ့အရှုပ်တွေ ငါနဲ့မဆိုင်ဘူး “
“ ကျွန်တော် တို့ပါလိုက်ခဲ့ပါမယ် “ ဟု သက်တော်စောင့်တွေက ဝိုင်းပြောကြသည်။
“ F*uck ပဲ အခုငါတစ်ယောက်ထဲ အေးဆေးနေချင်တယ်လို့ပြောတာမကြားဘူးလား.. မလိုက်ခဲ့နဲ့ …”
စက်ရိပ် ကျယ်လောင်စွာ အော်ပြောရင်း
ကားပါကင်ဆီပြေးထွက်သွားလေသည်။
YOU ARE READING
( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤
RomanceSeason 1 (Completed 1 to 41) Season 2 ( Completed 1 to 31) ခေတ်မင်းသစ်(King)+မိုးထက်မြင့် David Sivan + နေမခ