Part 39

31.8K 1.9K 8
                                    

Uni...

မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း(My lovely Mafia) အပိုင်း ၃၉

David တို့ကဝိုင်းတားနေတာကြောင့် ခေတ်က
သူတို့နားဝင်အောင် နားချရပေအုံးမည်။

“ ငါသိပါတယ်… ဒါပေမဲ့ ငါတို့နှစ်ယောက်ထဲတစ်ခေါက်လောက်တွေ့ရုံနဲ့ကိစ္စတွေက လုံးဝရှင်းသွားမှာလေ။ ပြီးတော့ စက်ရိပ်… မဆိုင်တဲ့စက်ရိပ်လည်း လုံးဝလွတ်သွားမယ်။ ငါနဲ့သူနဲ့မတွေ့ခင် စက်ရိပ်ကိုသူအရင်လွှတ်ပေးပါ့မယ်တဲ့ ငါသာကတိတည်ပြီး သူနဲ့တွေ့ဖို့မမေ့ပါနဲ့တဲ့။ သူနဲ့ဖုန်းပြောတုန်းက သူ့လေသံက အရင်တစ်ခါနဲ့လုံးဝမတူဘူး။ ပြီးတော့ လိမ်ပြောနေတဲ့ပုံလည်းမဟုတ်ဘူး။
လုံးဝကိုအေးဆေးတည်ငြိမ်ပြီး ဒီကိစ္စပြီးတာနဲ့ တစ်နေရာရာကနေ လွတ်မြောက်တော့မယ့် လေသံမျိုးဖြစ်နေတာ...”

“ မင်း မိုးထက်ကိုဘယ်လိုပြောမှာလဲ “ David မှာလက်မခံဘဲ အံကြိတ်ကာပြောလာသည်။

ခေတ်သက်ပျင်းချလိုက်ပြီး
“ မင်းတို့ကိုတောင်းဆိုရအုန်းမယ် ထက်ကိုလုံးဝမသိပါစေနဲ့။ သူစိတ်ပူနေလိမ့်မယ်..”

“ ဒါပေမဲ့ King တစ်ခုခု ဖြစ်သွားရင်ရော…”
Light နဲ့ Night ကလည်းပြိုင်တူပြောလာသလို

David ကလည်း
“ မင်း မိုးထက်ဘက်ကဝင်မကြည့်တော့ဘူးလား။
သူကဘာဆိုဘာမှတောင် မသိလိုက်ရဘဲ မင်းကတစ်ခုခုဖြစ်သွားရင် မဟုတ်ဘူး သေသွားရင်ရော…ဒီကိစ္စကမင်းလည်းသေနိုင်သလို Lucifer လည်းသေနိုင်တာပဲ နှစ်ယောက်လုံး လည်းဖြစ်နိုင်တယ်။ အဲအချိန်မှ ငါတို့က မိုးထက်ကိုဘယ်လိုပြောရမှာလဲ… “

ခေတ် စိတ်ရှုပ်သည့်ပုံနဲ့ ခေါင်းခါလိုက်ရင်း
“အဲဒါဆို ငါကဘယ်လိုလုပ်ရမှာလဲ ထက်ကိုပြောလို့လဲမဖြစ်ဘူးလေ။
ထက်သိရင်သူကငါနဲ့ကျိန်းသေပေါက်လိုက်မှာ။ သေမယ်ရှင်မယ်မသိတဲ့လမ်းကို ထက်ကိုပါ အပါခေါ်သွားရမှာလား။ အဲလိုမှ သဘာဝကျတယ်ထင်နေလား။

ထက်မသိရင် အနည်းဆုံး တော့သူ့အတွက်အန္တရာယ်မရှိနိုင်တော့ဘူး။ အစထဲက ငါအတ္တကြီးပြီး ထက်ကိုငါ့အနားခေါ်ထားလိုက်မိတာ
ငါဘယ်လောက်နောင်တရတယ်ထင်လဲ။ ထက်ကိုသာပြန်ပေးမဆွဲခဲ့မိရင် ထက်သာငါ့ကိုမချစ်ခဲ့ရင်ကောင်းမှာပဲ လို့တွေးမိတဲ့အထိပဲ။ သူ့ဘာသာသူ တည်ငြိမ်အေးဆေးနေတဲ့ သူလေးကို ငါကအရှုပ်တွေထဲထည့်ခဲ့မိတာ။ နောက်ဆုံးအချိန်ထိ အတ္တမကြီးချင်တော့ဘူး။
သူ့ကိုပေးထားတဲ့ ကတိတွေမတည်ခဲ့လို့ ငါ့ကိုတစ်သက်လုံးစိတ်နာပြီး မုန်းနေမယ်ဆိုရင်တောင် သူအသက်ရှင်ပြီးကောင်းကောင်းမွန်မွန်ရှင်သန်နေရမှာမို့ ငါကျေနပ်ပါတယ်။ တကယ်လို့ငါတစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင်တောင်… မင်းတို့ထက်ကို ဂရုစိုက်ပေးကြပါ…”

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ