Season 2(Part 18)🖤❤️🖤

16K 1.2K 79
                                    

Uni...

Season 2 (Part 18)

နေမခတို့ လျှောက်လည်ပြီးပျော်နေသည့်အချိန်တွင် Leonကတော့ စိတ်ညစ်နေရသည်။
ကာရံဟိန်းနိုးလာလျှင်ဘာပြောရမှန်းမသိ…ထို့ကြောင့်မေ့ဆေးသာပေးထားလိုက်ရသည်။
သို့ပေမဲ့လည်း နေ့တိုင်းဒီလိုလုပ်နေ၍မရတာကြောင့် Leon အကြောင်းပြချက်လှလှလေးကို အသည်းအသန်စဥ်းစားနေရလေသည်…။


နေမခ မနက်နိုးလာချိန်တွင် David ကအဝတ်အစားအပြည့်အစုံဖြင့် အပြင်သွားရန်ပြင်ဆင်ထားပြီးပြီဖြစ်သည်။ အောက်ခံshirtက အနက်ရောင်ဖြစ်ပြီး အပေါ်suitကတော့အနီရောင်ဖြစ်သည်…။
ခန္ဓာကိုယ် အချိုးအစား အရပ်အမောင်းကအစအပြစ်ပြောစရာမရှိပဲ ထိုအနီရောင်suitနှင့် David မှာ
အလွန်လိုက်ဖက်လွန်းလှသည် ဖြူလွန်း ညိုလွန်းသည့်အသားအရည်မျိုးမဟုတ်ပဲ အတော်အသင့်ဖြစ်ပြီး
Light brown ရောင်မျက်လုံးများ ထူကာနက်မေှာင်သည့်မျက်ခုံးနှစ်ဖက်နှင့် ဘေးတိုက်ကြည့်ကြည့်အရှေ့ကကြည့်ကြည့် ထင်းနေသည့် နှာတံချွန်လေးတွေကအစစွဲမက်စရာပင် မျက်နှာထက် နှုတ်ခမ်းမွှေးများ ပြောင်နေအောင် ရိတ်ထားလျှင်လည်း ရှင်းလင်းကာ ကြည့်ကောင်းလှသလို နှုတ်ခမ်းမွှေးများရှိလျှင်လဲ ယောက်ျားပီသကာ အနောက်တိုင်းဆန်ဆန် စွဲဆောင်ခန့်ငြားမှုတွေအပြည့်… နေမခ David အားငေးကြည့်နေတုန်း David ကRolex နာရီကိုပတ်ရင်း ကုတင်ပေါ်လာထိုင်သည်။

" ခ ဗိုက်ဆာနေပြီလား"

"မဆာသေးပါဘူး … ဒါနဲ့ ဘယ်သွားမလို့လဲ"

" ကိုယ် ကိစ္စလေးတစ်ခုရှိလို့ … "

နေမခ ထထိုင်လိုက်ကာ
"ကြာမှာလား"ဟုမေးလိုက်သည်။

David နေမခ ခေါင်းလေးကိုပွတ်ပေးရင်း
"ခဏပဲပြန်လာမယ်နော် တစ်ခုခုလိုအပ်တာရှိရင် ဒီမှာရှိတဲ့လူဘယ်သူ့ကိုဖြစ်ဖြစ်ပြောလို့ရတယ်။ ဘယ်သူ့ကိုမှလည်းကြောက်စရာမလိုဘူး။ နေ့လည်စာလည်း စားနှင့် ညနေကျမှ ကိုယ်နဲ့အတူ စားမယ်"

နေမခ သက်ပျင်းချလိုက်ရင်း
"အင်း အရမ်းမကြာနေနဲ့နော်။ အခုသွားမယ့်နေရာက ပြဿနာတော့မရှိဘူးမလား "

"မရှိပါဘူးကွာ…ဘာစိတ်ပူစရာမှမရှိဘူး "
နေမခလည်း စိတ်ပူရုံမှလွဲ၍ ဘာမှမတက်နိုင်ပေ။
…..

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Donde viven las historias. Descúbrelo ahora