Part 9

57.4K 3.4K 53
                                    

Uni

Mafiaရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia)  အပိုင်း ၉

မိုးထက်တို့ နှစ်ယောက်ဒီနေ့ ကမ္ဘာပေါ်မှာRomance အဆန်ဆုံးမြို့တော်အဖြစ်တင်စားခြင်းခံရတဲ့ အချစ်မြို့တော် ပဲရစ်မြို့ကြီးထဲလျှောက်လည်ဖို့ထွက်လာကြသည်။

ထွက်မလာခင်လေးမှာ နှစ်ယောက်သား
" ကိုခေတ် မဟုတ်မှလွဲရော ဟိုနေ့ကလိုအနောက်ကနေလူတွေအများကြီးခေါ်ခဲ့မှာတော့မဟုတ်ဘူးမလား။ အဲလိုနောက်ကလူတွေလိုက်ရင်သူများတွေကကျွန်တော်တို့ကိုပဲကြည့်နေကြမှာနော် အဲလိုဆိုမသွားချင်ဘူး ဒီတိုင်းနှစ်ယောက်ထဲလမ်းလျှောက်ပြီူးမြို့ပတ်ကြမယ်"ဟု မိုးထက်တောင်းဆိုလိုက်သည်။

"Ok ဒီနေ့ကိုယ်တို့ရဲ့ First Date ဆိုတော့ သူတို့တွေကို ကိုယ်တို့နားကပ်ပြီးမလိုက်ခိုင်းတော့ဘူး။ အဝေးကနေပဲလိုက်ခိုင်းမယ် ထားခဲ့လို့တော့မရဘူး။ ကိုယ်တစ်ယောက်ထဲဆို ကိစ္စမရှိပေမဲ့ အခုကbaby လည်းပါတယ်ဆိုတော့လုံခြုံရေးက ပေါ့ဆလို့မရဘူး။ "

"Ok အဲဒါဆိုလည်းမြန်မြန်သွားရအောင် လျှောက်လည်ရမယ့်အချိန်တွေလျော့ကုန်မယ်" ဆိုကာ မိုးထက်အရင်အောက်ကိုပြေးဆင်းသွားကာ...
ခေတ်လည်း ကျည်အပြည့်ဖြည့်ထားတဲ့သေနတ်ကို ခါးကြားထိုးပြီး ကုတ်အမဲထပ်ဝတ်ရင်း မိုးထက်နောက်ကိုလိုက်ခဲ့တော့သည်...။

ပဲရစ်မြို့ရဲ့ လမ်းမထက်မှာလဲ လမ်းလျှောက်နေတဲ့လူတွေအများသား အကုန်လုံးနီးပါး ဝတ်ဆင်ထားသည့်
Fashion ဒီဇိုင်းတွေကတော့ အမိုက်စားတွေသာ။ အတွဲတွေရော တစ်ယောက်ထဲသမားတွေရော အလည်လာကြတဲ့လူအချို့ရော သူတို့ camera တစ်လုံးဖြင့် ပဲရစ်မြို့ရှုခင်းတွေကိုလိုက်ရိုက်နေလေရဲ့။

မိုးထက်တို့နှစ်ယောက်လက်တွဲကာ ပါရီရဲ့ အဆောက်အအုံတွေ ကျောက်ပန်းပုရုပ်တွေ  Gothic style ပြင်သစ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ လက်ရာတွေကို လည်ပတ်ကြည့်ရှုနေကြသည်။

စိန်းမြစ်ဘေးက ဘုရားကျောင်းတွေရဲ့ရင်ပြင်တွေပေါ်မှာ ပန်းချီတွေရေးဆွဲနေတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာကလည်းပြောင်မြောက်လှသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now