Season 2 (Part 27)🖤❤️🖤

17.6K 1.2K 76
                                    

Uni...

Season 2(Part 27)

နေမခက အိမ်မက်ဆိုးကြောင့်လန့်နိုးလာခဲ့သလို ..သူ့ကိုဖက်အိပ်နေသောDavid လည်းချက်ချင်းနိုးလာသည်။

"ခ ဘာဖြစ်လို့လဲ" ဟုမေးရင်း နေမခချွေးတွေကိုသုပ်ပေးသည်။

နေမခ David တင်းကျပ်စွာဖက်ရင်း ရှိုက်ငိုကာပြောလာသည်။
"David...ခင်ဗျားကအိမ်မက်ထဲမှာကျွန်တော့်ကိုထားသွားတယ်..."

David လည်းနေမခ ကျောပြင်ကိုဖွဖွပွတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး
"အဓိပ္ပါယ်မရှိတာ ကိုယ်ကမင်းကိုဘာလို့ထားသွားရမှာလဲ..."

" အင်း ... အဲလိုကျွန်တော့်ကိုပစ်ချင်တိုင်းပစ်လို့မရဘူးနော်။ ကျွန်တော့်ကိုချစ်တယ်ဆို အမြဲကျွန်တော့်နားမှာပဲနေရမယ်...။ ကျွန်တော်David ကိုပြန်ချစ်မိတဲ့အခါမှထားခဲ့လို့မရဘူး"

မျက်ရည်တွေဖြင့်ရွှဲနေသည့်နေမခ မျက်နှာလေးအား ဖွဖွကိုင်ကာကြည့်ရင်း
"ခ...မင်းအခုကိုယ့်ကိုချစ်မိနေပြီလားဟင် "

နေမခ ခေါင်းငြိမ့်ရင်း ပြန်ဖြေသည်။
" ကျွန်တော်David ကိုချစ်သွားပြီထင်တယ်။မချစ်ဖို့ကြိုးစားနေပေမဲ့လည်း ချစ်မိသွားပြီ။ ဒါပေမဲ့ ကျွန်တော် ကြောက်တယ်။ ကျွန်တော်ချစ်တဲ့သူကိုဆုံးရှုံးရမှာမျိုး... ကျွန်တော်ဝန်ခံတယ် ကျွန်တော်David အနားမှာမနေချင်ခဲ့ဘူး။ ဒါပေမဲ့ အဝေးရောက်နေပြန်ရင်လည်းDavidကို မစဥ်းစားပဲမနေနိုင်ဘူး။ David ကိုချစ်မိသွားမှာအရမ်းကြောက်ခဲ့တာ။David ကအရမ်းအန္တာရာယ်များတဲ့သူမို့အမြဲရှောင်ပြေးနေတာ။ David ဆီမှာ အနာတရသေးသေးလေးရမှာတောင်မလိုချင်ဘူး ။ Mafiaဖြစ်နေတာလဲမကြိုက်ဘူး။ သာမာန်လူဆိုရင်ကောင်းမယ်လို့အကြိမ်ကြိမ်တွေးခဲ့ဖူးပေမဲ့ David ကသာမာန်လူတစ်ယောက်ဆို ကျွန်တော်နဲ့လည်း တွေ့ခဲ့မှာမဟုတ်ဘူး။"
မီးအိမ်ကအရောင်ဟပ်နေတာကြောင့် နေမခမျက်နှာလေးကိုရှင်းလင်းစွာမြင်နေရသည်။ အလောတကြီးဖြင့် စကားတွေအများကြီးပြောနေသည့် ကောင်လေးအား David နှုတ်ခမ်းချင်းထိကပ်ကာနမ်းရှိုက်လိုက်သည်။

စက္ကန့်၃၀ခန့်လောက်ကြာမှ နှုတ်ခမ်းချင်းပြန်ခွာကာ နဖူးချင်းဆိုင်ထားရင်း
David ဖြေးညင်းစွာလေးလေးနက်နက်စကားပြန်ပြောသည်။
" ခပြောချင်တာ ကိုယ်နားလည်တယ် ။ ကိုယ်ကအန္တာရာယ်များတဲ့အလုပ်တွေလုပ်နေရတဲ့သူမို့
ကိုယ်တစ်ခုခုဖြစ်မှာကိုကြောက်တာမလား...။ အဲဒါကြောင့် ကိုယ့်ကိုမချစ်ရဲတာ။ ကိုယ့်ကိုမချစ်ပဲ ေ၀းေ၀းနေချင်တာက ...မင်းရဲ့မျက်စိရှေ့မှာတင် ကိုယ်အန္တာရယ်ဖြစ်တာမျိုးတွေကြုံတွေ့ရမှာစိုးလို့။"

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now