Season 2 (အပိုင်း ၁၀)🖤❤️🖤

18K 1.1K 37
                                    

Uni...
Season 2 ( Part 10)

Leon တစ်ယောက် ဧည့်သည်ပြန်သွားတော့ ထိုဝိုင်းကို ရှင်းလင်းလိုက်သည်။ပြီးနောက် ခဏ ထိုင်လိုက်ကာ နားလိုက်သည်။
သူ့ရုပ်မှာတည်တည်ငြိမ်ငြိမ်ရှိသော်လည်း ...သူ့ရင်ထဲမှာတော့ David များသိသွားပြီလားဟုစိုးရိမ်နေလေသည်...။

" သေသွားလောက်လား။ မဟုတ်ရင်David ငါ့ဆီချက်ချင်းလာမှာပေါ့။
ဒီထိုင်မရထမရအခြေအနေက ဘာလဲကွာ..."
Leonစိတ်ညစ်စွာ ညည်းတွားရင်း...ငယ်ငယ် သူ့အမေနဲ့အတူ ရိုက်ထားသည့်ပုံလေးကိုထုတ်ကြည့်မိသည်။

ဓါတ်ပုံလေးကိုပွတ်သပ်ကာကြည့်ရင်း
" ကျွန်တော့်အစီအစဥ်တွေအကုန်အဆင်ပြေနေဖို့ မျှော်လင့်ပါတယ်"
ဟုပြောလိုက်သည်။ တကယ်က  သူ့အမေ ဟိုတစ်ခါလွှတ်လာတုန်းက သူနဲ့တွေ့ခဲ့ပြီးပြီဖြစ်သည်။

သူ့အမေနဲ့ပြန်တွေ့တော့ ဝမ်းသာအားရ ပွေ့ဖက်လိုက်ကြပြီး Leon ကို အဖြစ်အပျက်တွေ​ေပြာသည်...။

" ကျွန်တော် အခုချိန်ထိ  Momအသက်ရှင်နေမယ်လို့ ထင်ပြီးသား။ ဘယ်လိုပဲ လှုပ်ရှားလှုပ်ရှား ပြန်ခေါ်ဖို့လုံးဝ အခွင့်မသာလို့သာ..."

" ဒီတစ်ခါလွှတ်လာတာ တော်တော်ကံကောင်းတယ်။ သူယုံကြည်အောင် မနည်းအယုံသွင်းပြီး ထွက်ပြေးလို့ရခဲ့တာ,.."

Leon သူ့အမေကို သေချာစိုက်ကြည့်ကာ
" Mom သူ့ဆီပြန်သွားရမယ်"
ဟုပြောလာတာကြောင့်Leonအမေမှာ အံ့သြသွားရသည်။

" ဘယ်လို ပြန်သွားရမယ်ဟုတ်လား ။ လွှတ်လာဖို့ ဘယ်နှနှစ်လောက်ကြိုးစားခဲ့ရတယ်ထင်လို့လဲ...."

Leon ပြုံးကာ ခေါင်းခါပြလိုက်ကာ
"မဟုတ်ဘူး Mom ကျွန်တော့်မှာအစီအစဥ်ရှိတယ်။ တစ်သက်လုံးလွှတ်မြောက်ဖို့အတွက်ပေါ့။ Momအခုလိုပြေးလာတာ အဆင်မပြေဘူး။ သူတို့လက်တံဘယ်လောက်ရှည်လဲသိရဲ့လား။ ပြီးတော့ Davidလဲရှိသေးတယ်။ မကြာခင် momကိုသူတို့ ရှာကိုရှာတွေ့မှာ မတွေ့ရင်တောင် တစ်ချိန်လုံး ရာဇဝတ်သားလို ထွက်ပြေးပုန်းခိုရလိမ့်မယ်။ ပြီးရင် ကျွန်တော်နဲ့ အဖေကိုလည်း အလွတ်ပေးမှာမဟုတ်လောက်ဘူး..."

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Où les histoires vivent. Découvrez maintenant