Season 2(Part 28)🖤🚘🚘🖤

19.8K 1.2K 112
                                    

Uni

Season 2( Part 28)

David နဲ့ နေမခ၏အနမ်းတွေက ချစ်ခင်နှစ်သက်ချိုမြိန်မှုတွေပျော်၀င်နေပြီး…တစ်ယောက်နဲ့တစ်ယောက်ဝေးကွာသွားမှာကိုကြောက်သည့်နှယ် တင်းကျပ်စွာလည်းဖက်ထားကြသေးသည်။
နမ်းနေသည့်အချိန်တွင်သူတို့၏အတွေးထဲ၌ သူတို့အချင်းချင်းသာရှိကြသည်။
အချစ်စိတ်တွေပူလောင်ပြင်းပြနေမှုကို David ၏ဖုန်းသံက လေပြေအဖြစ်၀င်တိုးလာသည်။

David နမ်းနေတာကိုရပ်ချင်သည့်ပုံမပေါ်သော်လည်း….နေမခ ကအသိ၀င်ကာရှက်လာသည်မို့ David ရင်ဘတ်ကိုတွန်းတော့သည်။
"David..ရ ရပ်တော့ ဖုန်းကိုင်အုံး"

David လည်းမလွှတ်ချင်ပေမဲ့ နေမခအားလွှတ်ပေးလိုက်ရပြီး ဖုန်း contact ကိုကြည့်လိုက်သည်။
ခေါ်ဆိုသူကVen…။Ven ကအမြဲအလိုက်သိသူဖြစ်သော်လည်း ဒီတစ်ခါတော့David အားအနှောင့်အယှက်အကြီးကြီးပေးမိချေပြီ…။

နေမခက ရေသွားချိုးမယ်ဟုဆိုကာ David လက်မှပြေးခဲ့ပြီး ရေချိုးခန်းထဲ၀င်လိုက်သည်။
ရေချိုးခန်းထဲရောက်မှ သူ့ရဲ့နိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်ဘတ်ကိုကိုင်ကာ
" ဟူး…ဖုန်းသာမလာရင် ဘယ်ထိဆက်ရောက်သွားမလဲမသိဘူး။တော်ပါသေးရဲ့"
ပြီးနောက် မှန်ရှေ့သွားကာ နီရဲစိုစွတ်နေသည့် သူ့နှုတ်ခမ်းသူကိုင်ကြည့်ပြီး ပြုံးလိုက်မိသည်။

" ငါတကယ်ကြီး David ရဲ့ချစ်သူဖြစ်သွားပြီပဲ။ မဟုတ်ဘူး အခုလက်ထပ်ထားပြီဆိုတော့ ငါကDavid
ရဲ့ယောက်ျားပဲ …"
နေမခသူ့ဘာသာပြောရင်းရယ်လိုက်သေးသည်။

"အဲလူလည်ကြီးကိုဘာလို့များ အရမ်းချစ်မိသွားရတာလဲ။ ပြုစားနိုင်လွန်းတယ် ခင်ဗျား "

ဘေစင်ပေါ် လက်ထောက်ကာ သူ့မျက်နှာသူ သေသေချာချာကြည့်လိုက်ပြီး
" ဟူး … ငါကလည်းဘယ်အချိန်ကြည့်ကြည့်ချောနေတော့တာပဲ"ဟုသူ့ဘာသာမြှောက်ပင့်ပြောလိုက်သေးသည်။

စိတ်ထဲတွင်တော့ ရေချိုးပြီးလျှင် ဒီညDavidနဲ့ဘာဆက်ဖြစ်မလဲဆိုတာတွေးရင်း  ရင်တွေတုန်နေသည်။
ပြီးတော့David သူ့အပေါ်ထားသည့် လေးစားမှုလေးကြောင့်လည်းပျော်ရသည်။
David ဒီတစ်လျှောက်လုံး သူ့အပေါ်နမ်းတာကလွဲလျှင်ဘာမှအတင်းအကျပ်မလုပ်ယူ။
မြန်မာပြည်မှာ အတူရှိခဲ့သည့်ညထဲကသူ့အပေါ်အခွင့်အရေးယူချင်လျှင်ရနိုင်သည်။
ဒီအတောအတွင်းလည်း David သာသူ့ကိုတစ်ခုခုလုပ်မည်ဆိုလျှင် သူ့အင်အားနှင့်တားလို့ရမည်လည်းမထင်။ David သူ့စိတ်ဆန္ဒတွေကိုထိန်းချုပ်ပြီး နေမခအတွက်ထည့်စဥ်းစားပေးသည်မှာ ပေါ်လွင်လှသည်။ ဒီလိုလူမျိုးကိုမှ သူပြန်မချစ်လျှင် သူ့နှလုံးသားအား ခွေးသာကျွေးလိုက်တော့မည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now